အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အား တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတွင် တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်၍ ထိရောက်စွာဆောင်ရွက်နိုင်မည်

0
212

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေမှ အောက်တိုဘာ ၂၇ ရက်ကပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များလုပ်ငန်းဆောင်ရွက်ရာ၌ လိုက်နာရမည့် မူဘောင်များ၊လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၌ (CPU)များဖွဲ့စည်းပြီးဖြစ်၍ နိုင်ငံအတွင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ပြော သည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်က အထူးအ ရေးကြီးတဲ့အတွက် ပြည်ထောင်စုဝန်ကြီးဌာန၊ အ ဖွဲ့အစည်း(၃၈)ခုမှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)တွေဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုရှိတာကြောင့် တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့(၁၄)ခုမှာ တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်”ဟု ကော်မတီ ဥက္ကဋ္ဌဦးသန်းဆွေကပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေ ဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရန်၊သန့်ရှင်းသည့် အစိုးရနှင့်ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာ ဗျူဟာရေးဆွဲဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။

“တားဆီးကာကွယ်ခြင်း၊စုံစမ်းစစ်ဆေးခြင်းနဲ့အသိပညာပေးခြင်းလုပ်ငန်းတွေကို ဟန်ချက်ညီ ညီ ဆောင်ရွက်နေပါတယ်”ဟု ကော်မတီ ဥက္ကဋ္ဌဦးသန်းဆွေကပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေ ဖြင့် အများပြည်သူဆိုင်ရာအဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ နက်ရှိုင်းစွာပျံ့နှံ့နေသည့် အဂတိ လိုက်စားမှုသိသာစွာ ကျဆင်းသွားစေရန်နှင့်ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုဆိုင်ရာညွှန်းကိန်းတွင် အဂတိလိုက်စားမှုထိန်းချုပ်နိုင်ခြင်း၊ ညွှန်းကိန်းသိသာထင်ရှားစွာ တိုးတက်လာစေရန် မူဝါဒချမှတ်အကောင်အ ထည်ဖော်နေမှုအား ဟန်ချက်ညီဆောင်ရွက်လိုသည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here