သမ္မတဘိုင်ဒင်က နန်စီ၏ခင်ပွန်းတိုက်ခိုက်ခံရမှုသည် “စက်ဆုပ်ဖွယ်” ဖြစ်သည်ဟုဆို

0
176

ဖလာဒဲလ်ဖီးယား၊အောက်တိုဘာ ၂၉

အမေရိကန်အောက်လွှတ်တော်ဥက္ကဌနန်စီပေလိုစီ၏ခင်ပွန်းအပေါ် အောက်တိုဘာ ၂၈ ရက်၊သောကြာနေ့ကတိုက်ခိုက်မှုသည် စက်ဆုပ်ဖွယ်ကောင်းသည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

မစ္စနန်စီပေလိုစီအားရှာဖွေရန် ကလီဖိုးနီးယားရှိ၎င်းတို့ဇနီးမောင်နှံ၏အိမ်သို့ ဖောက်ထွင်းဝင်ရောက်ပြီးနောက် ကျူးကျော်သူတစ်ဦးက တူဖြင့်ရိုက်နှက်ခဲ့သဖြင့် မစ္စတာပေါလ်ပေလိုစီ၏ခေါင်းကွဲသွားကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

သမ္မဘိုင်ဒင်သည် ဖလာဒဲဖီးယား၌ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းပြောကြားရာတွင် “အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးပုံဖျက်အကြမ်းဖက်မှုတွေအတွက် နေရာမရှိိသလို၊ဆက်လုပ်ဖို့ကြံနေရင်လည်း ရပ်တန်းကရပ်ပါ” ဟုပြောကြားခဲ့သည်။

မစ္စတာပေါလ်ပေလိုစီသည် “မစ္စနန်စီအားတွေ့ရရန် ကျူးလွန်သူကအတင်းအကြပ်တောင်းဆိုချိန်တွင် မတွေ့ရသဖြင့် ၎င်းအားယခုလိုအသက်အန္တရာယ်ခြိမ်းခြောက်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်သည်” ဟု ပြောရေးဆိုခွင့်ရှိသူ  Drew Hammill ကသောကြာနေ့အစောပိုင်းကပြောကြားခဲ့သည်။

ခွဲစိတ်ကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာပြီဖြစ်သော အသက် ၈၂ နှစ်အရွယ်ရှိ မစ္စတာပေါလ်ပေလိုစီသည် ၎င်း၏ဇနီးသည်ဝါရှင်တန်သို့အလုပ်ဖြင့်သွားရောက်နေပြီး နေအိမ်တွင်ယခုလိုတစ်ယောက်တည်းကျန်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

အရေးကြီးသောအမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမကျင်းပမီ နှစ်ပတ်မရှိတရှိအချိန်၌ နှစ်ဘက်ပါတီဝင်များသည် ဖြစ်နိုင်ချေရှိသောနိုင်ငံရေးအကြမ်းဖက်မှုများနှင့်ပတ်သက်၍ သတိပြုကြရန်အကြံပေးပြီးသားဖြစ်သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here