ရေဖြူမြို့နယ်နှင့်ဘားအံမြို့နယ်တို့တွင် စိတ်ကြွဆေးပြား ၂၀၀၀၀ ပြားခန့်ဖမ်းမိ

0
161

တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်နှင့်ကရင်ပြည်နယ်၊ဘားအံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးတားဆီးနှိန်နင်းရေးရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၈ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၁ နာရီခွဲခန့်က တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ကလိန်အောင်မြို့၊မလွှဲတောင်ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် စောပလာဝါး (၃၀)နှစ်မောင်းလာသည့် ဆိုင်ကယ်အတွင်း သို ဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၉၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ညနေ ၅ နာရီ ၅၀ မိနစ်တွင်ခန့်လည်း က ရင်ပြည်နယ်၊ဘားအံမြို့နယ်၊ပိုင်ရန်းကျေးရွာအ နီးတွင် ဆိုင်ကယ်စီးလာသည့် မောင်မောင်ထွေး (ခ)မောင်ထွေး(၃၅)နှစ်ထံမှ စိတ်ကြွဆေးပြား ၁၀၀၀၀ ပြားအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူ ၂ ဦးအား ကလိန်အောင်နယ်မြေရဲစခန်းနှင့်ထုံးအိုင်နယ်မြေရဲစခန်းတို့က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူကာ စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here