နိုဝင်ဘာ (၁၁) ရက်မှ (၁၃) ရက်အထိ  ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး ထပ်မံဆွေးနွေးမည်

0
254

လာမည့် နိုဝင်ဘာ (၁၁) ရက်မှ (၁၃) ရက်အထိ ဖနွမ်းပင်မှာ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးအတွင် မြန်မာ့အရေး ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ အစည်းအဝေးနှင့် ပတ်သက်၍ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့၏ ကြေညာချက်တွင် ထည့်သွင်းရေးသားထားခြင်း ဖြစ်သ ည်။

ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများ အသည်းအဝေးတွင် မြန်မာကိုယ်စားလှ ယ် ဖိတ်ကြားခြင်း မပြုခဲ့သည့်အပေါ် မြန်မာအစိုးရကဘ က်က ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ထား သည်။

အာဆီယံအနေဖြင့် ဘက်လိုက်သည့် ခွဲခြားဆက်ဆံမှုမျိုး မလုပ်သင့်သည့်အပြင် မြန်မာကိုယ်စားလှယ် မပါဝင်သ ည့် အစည်းအဝေးပွဲများ၏ သဘောတူညီချက်များကို မြ န်မာအစိုးရအနေဖြင့် လိုက်ပါလုပ်ဆောင်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ (၂ ၇) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအပြောင်းအ လဲများနှင့် ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချ က် (၅) ရပ်အပေါ် မြန်မာအစိုးရက လိုက်ပါဆောင်ရွက်မရှိသည့်အပေါ် စိတ်ပျက်မိကြောင်း အင်ဒိုနီးရှားနိုင်ငံခြား ရေးဌာန တာဝန်ရှိသူက ယမန်နေ့က ပြုလုပ်သည့် သတ င်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားခဲ့ကြော င်း သိရသည်။

မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ဖို့ လက်ရှိအချိန်ထိ ဆွေးနွေးမှုမရှိသေးကြောင်း ပြောကြားခဲ့သည်ဟုလည်း VOA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၆) ရက်က အင်ဒိုနီးရှား နိုင် ငံဂျာကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့် ပ တ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အစည်းဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကို ယ်စားပြုသူကို မဖိတ်ကြားခြင်းက ခွဲခြားဆက်ဆံခြင်းဖြ စ်သည့်အပြင် အာဆီယံအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည် တွင်းရေးကို ဝင်ရောက်မစွက်ဖက်သင့်ကြောင်း မြန်မာအ စိုးရဘက်က တုန့်ပြန်ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here