သာကေတမြို့နယ်ရှိ တိုက်ခန်းတစ်ခုအတွင်း၌ အမျိုးသား ၂ ဦးအားသေဆုံးလျက်တွေ့ရှိ

0
388

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုအတွင်း၌ အမျိုးသား ၂ ဦးအား အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း သာကေတမြို့ နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယင်းနေ့နံနက် ၁၀ နာရီခန့်က ၆/အနောက်ရပ် ကွက်၊ဇဗ္ဗူသီရိ(၈)လမ်းရှိ အထပ်မြင့်တိုက်၏ အ ခန်းတစ်ခန်းအတွင်း အမျိုးသားနှစ်ဦး သေဆုံးနေကြောင်း သတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သယ်ယူရန် သွားရောက်ခဲ့ကြသည်။

“သေဆုံးရတဲ့အကြောင်းရင်းကိုတော့ မသိသေးဘူးဗျ တာဝန်ရှိတဲ့လူတွေစစ်ဆေးနေပါတယ် ကျွန်တော်တို့ကို အလောင်းတွေ့လို့အကူအညီပေးပါဆိုလို့ သွားသယ်ပေးခဲ့တာပါ”ဟု သာကေတမြို့တယ်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူအမျိုးသား ၂ ဦး၏ ရုပ်အလောင်းများအား သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here