လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် မော်တော်ယာဥ်နှင့်စက်မှုဆိုင်ရာဌာနများအား ပြဌာန်းခြင်းနှင့်ပတ်သက်၍ အမိန့်ကြေညာချက်မှာအတုသာဖြစ်

0
259

လူမှုကွန်ယက်စာမျက်နှာတွင် အောက်တိုဘာ ၂၉ ရက် (ယနေ့)ရက်စွဲဖြင့် ပျံ့နှံ့နေသည့် မော်တော်ယာဥ်နှင့်စက်မှုဆိုင်ရာဌာနများအား ပြဌာန်းခြင်းဆိုသည့် အမိန့်စာမှာအတုသာဖြစ်​ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြေငြာချက်အတုတွင် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရမှ အမိန့်အမှတ် (၃၇၈/၂၀၂၂)အား ထုတ်ပြန်လိုက်သည်။Model ၂၀၀၃ ခုနှစ်အောက် အက္ခရာ(ဃ)တန်းအထိ မည်သည့်ကားအမျိုးအစားကိုမဆို အပ်ကားစာရင်းနှင့်ဖျက်သိမ်းခြင်း ပြုမပြုကို ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလဆန်း‌နောက် တွင် ပြန်လည်စီစစ်သုံးသပ်သွားမည်ဟု ရေးသားထားသည်။

အမိန့်ကြေညာချက်အတုတွင် အမိန့်အရ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ဟုလည်းရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here