မုဒုံမြို့တွင် ဆေးကြောင်နေသည့် အမျိုးသားက ဓားဖြင့်ခုတ်၍ အသက်(၄)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးဒဏ်ရာရ

0
531

မွန်ပြည်နယ်၊မုဒုံမြို့၊မြို့မ(၁)မော်သံလမ်းရှိ နေ အိမ်အတွင်း၌ အောက်တိုဘာ ၂၉ ရက်(ယနေ့) မွန်းလွဲပိုင်းက ဆေးကြောင်နေသည့် အမျိုးသားက ဓားဖြင့်ခုတ်ခဲ့၍ အသက်(၄)နှစ်အရွယ်ရှိ ကလေးငယ် ၁ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မုဒုံမြို့အခြေစိုက်လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီခန့်က မြို့မ(၁)မော်သံလမ်းရှိ နေအိမ်အတွင်း၌ ဆေးကြောင်နေသည့်အမျိုးသားမှ မိသားစုဝင်များအား ဓားဖြင့်လိုက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိသားစုဝင်ချင်းဖြစ်တာ မူးယစ်ဆေးဝါးတွေသုံးပြီးဆေးကြောင်နေတော့ ဓားနဲ့လိုက်ခုတ်တာပါ သူ့ကိုတော့ချက်ခြင်းဖမ်းမိတယ် တာဝန်ရှိတဲ့လူတွေဆီကိုအပ်နှံပေးလိုက်ပါတယ်”ဟု မုဒုံမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဓားဖြင့်ခုတ်ခံရမှုကြောင့် အသက်(၄)နှစ်အရွယ်ရှိ ကလေးငယ်(အမျိုးသား)သည် ဦးခေါင်းနောက် စေ့ပြတ်ရှဒဏ်ရာရရှိခဲ့သဖြင့် မုဒုံမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံအရောက်၌သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဒေါ်ထွန်းတင့်တင့်စိုး(၃၂)နှစ်တွင်လည်း ဇာတ်ပိုးပြတ်ရှ၊ဘယ်ရင်အုံပြတ်ရှ၊ဘယ်လက်ဖမို့ပြတ်ရှဒဏ်ရာရရှိခဲ့သဖြင့် မုဒုံမြို့ပြည့်သူဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ကြပြီးနောက် စိုးရိမ်ရသဖြင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here