ယနေ့ စက်သုံးဆီတစ်လီတာလျှင်  ၂၀၀၀ ကျပ်ဖြင့်ရောင်းချ

0
355

စက်သုံးဆီစျေးနှုန်းများအနည်းငယ်ပြန်တက်လာခဲ့ပြီး အောက်တိုဘာ ၃၀ ရက်(ယနေ့)တွင် ရန်ကုန် တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။ 

မန္တလေး၊နေပြည်တော်၊မကွေး၊ပဲခူး၊ပုသိမ်၊ထား ဝယ်၊မုံရွာ၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်၊မြစ်ကြီးနား၊စစ်တွေ၊ဟားခါးနှင့်ကျိုင်းတုံတို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်ကျော်ဖြင့် ယနေ့ ရောင်းချလျက်ရှိသည်။

ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၀၉၀ ကျပ်၊ HSD(500 ppm)မှာ တစ်လီတာလျင် ၂၆၉၀ ကျပ်သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တိုမှာ တစ်လီတာလျင် ၂၇၇၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထိုပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၉၀၂ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၉၈၈ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၅၈၁ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တိုမှာ တစ်လီတာလျင် ၂၆၅၂ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here