ကိုရီးယားနိုင်ငံ၌ Halloween ပွဲတော်ကျင်းပစဥ် လူအုပ်ပိ၍ ဒဏ်ရာရသူများအနက် မြန်မာနိုင်ငံသားများပါဝင်ပါက သံရုံးသို့ဆက်သွယ်ရန် အသိပေး

0
405

ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ရှိ Yongsan မြို့နယ်၊ Itaewon ရပ်ကွက်တွင် အောက်တိုဘာ ၂၉ ရက်ညပိုင်းက Halloween ပွဲတော်ကျင်းပရာလမ်းတလျှောက်တွင် လူအုပ်ပိ၍ သေဆုံးဒဏ်ရာရသူ များရှိခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး၊ဆိုးလ်မြို့မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဥ်၌ ၁၅၁ ဦးခန့်သေဆုံးခဲ့ရာ နိုင်ငံ ခြားသား ၁၉ ဦးလည်းပါဝင်ပြီး ၎င်းတို့အနက် ၁၁ ဦးမှာ နိုင်ငံအမည်ဖော်ထုတ်နိုင်ခြင်းမရှိသေး၍ မြန်မာနိုင်ငံသားအားလုံးအတွက် စိုးရိမ်ပူပန်သည်ဟု မြန်မာသံရုံးကထုတ်ပြန်ခဲ့သည်။

ကိုရီးယားနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း မြန်မာနိုင်ငံသူ/နိုင်ငံသားများ ထိခိုက်သေဆုံးမှု ရှိ/မရှိအား မေးမြန်းလာသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် လိုအပ်သည်များ အလျင်အမြန်ဆောင်ရွက်ပေးနိုင်ရန် အသိ မိတ်ဆွေများ သေဆုံးထိခိုက်မှုရှိကြောင်း ကြားသိရပါက မြန်မာသံရုံးသို့ ဆက်သွယ်သတင်းပေးပို့နိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here