ယခုဘဏ္ဍာနှစ်အတွင် ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် (၉) သိန်းကျော်ရှိပြီး ကန်ဒေါ်လာ ၃၁၅ သန်းကျော် ရရှိထား

0
244

၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်အတွင်း ပြည်ပသို့ ပယ်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတို့မှ ဆန်နှင့် ဆန်ကွဲ တန်ချိန် (၉) သိန်းကျော် တင်ပို့ထားပြီးကန်ဒေါ်လာ ၃၁၅ သန်း  ရရှိထားကြောင်း ကုန် သွယ်ရေး ဦးစီး ဌာနမှ သိရသည်။

ပြည်ပပို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ ရရှိငွေမှာ ပင်လယ်ရေကြောင်းမှ တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ

၂၆၅.၁၀၇ သန်း ဖြစ်ပြီး နယ်စပ် ထွက်ပေါက်များမှ တင်ပို့ပို့မှုမှ ရရှိငွေ ကန်ဒေါ်လာ သန်း (၅၀) ကျော် ဖြစ်ကြော င်း သိရသည်။

ပင်လယ်ရေကြောင်းမှ တင်ပို့မှအရေအတွက်မှာ တန်ချိန် ၇၅၈၄၀၀ ကျော်ရှိပြီး နယ်စပ်မှ တင်ပို့မှုအနေဖြင့် ၁၄၆ ၃၄၆ တန် ဝန်းကျင် ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာန ကုန်သွယ်မှု မူဝါဒ ဌာန ညွန်ကြားရေးမှူး ဦးမင်းအောင်အေးက နိုင်ငံပိုင် သတင်းဌာနမှတဆင့်ပြောသည်။

ပြည်ပတင်ပို့မှု နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန် ၂၁၃၀၀၀ တန် ၊ ဖိလပိုင်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန် ၁၂၀၀၀၀ တန်၊ စပိန်နိုင်ငံသို့ တင်ပို့မှု ၃၉၀၀၀ တန်၊ အီတလီနိုင်ငံသို့ တန်ချိန် ၃၉၀၀၀ ၊ ဘယ်ဂျီယံနိုင်ငံသို့ တင်ပို့မှု ၃၁၀၀၀ တန် တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆန်ကွဲ တင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် စက်တင်ဘာလအထိ တန်ချိန် ၁၇၀၀၀၀ ကျော်၊  ဘ ယ် ဂျီယံနိုင်ငံသို တန်ချိန် ၁၆၀၀၀၀ ကျော် ၊ ပိုလန်နိုင်ငံသို့ တန်ချိန် ၁၆၆၀၀ ကျော်၊ စပိန်နိုင်ငံသို့ တန်ချိန် ၁၂၅ ၀၀ ဝန်းကျင်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၅၉၀၀ ကျော် အသီး သီး တင်ပို့နိုင်ခဲ့ကြောင်း ကုန်သွယ်မှုဦးစီးဌာန စာရင်းများအရ သိရသည်။

ယင်းကဲ့သို့ ပြည်ပသို့ ဆန်တင်ပို့မှုလုပ်ဆောင်ရာတွင် ပြ ည်တွင်းရှိ မြန်မာ ကုမ္ပဏီများသာမကဘဲ ပြည်ပမှ နိုင်ငံ ခြား ကုမွပဏီများ ၊ ပြည်တွင်း – ပြည်ပ ဖက်စပ် ကုမ္ပဏီများကိုပါ သတ်မှတ် စည်းမျဉ်းစည်းကမ်းများ၊ စံချိန်စံညွှန်များနှင့်အညီ တင်ပို့ခွင့် ပြုထားကြောင်း သိရသည်။

ထို့အပြင် MIC  ကုမ္ပဏီများကိုလည်း ခွင့်ပြုချက်ပါအတို င်း ကော်မရှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးထားကြောင်း သိရသည်။

ယင်းသို့ ခွင့်ပြုပေးထားသည့်အတွက် ပြည်တွင်း ထုတ် ကုန်တိုးမြှင့်နိုင်မည့်အပြင် ပြည်ပပို့ကုန်အနေဖြင့်လည်း တိုးမြှင့် တင်ပို့နိုင်မည်ဖြစ်သည့်အတွက် အပြန်အလှန် အကျိုး ဖြစ်ထွန်းမည်ဖြစ်ကြောင်းလည်း ကုန်သွယ်ရေး ဦးစီးဌာန ကုန်သွယ်မှု မူဝါဒဌာန ညွန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here