စစ်တွေမြို့တွင် လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲကာဝါးထရံအား မီးကူးစက်လောင်ကျွမ်း၍ နေအိမ် ၄ လုံးပျက်စီး

0
331

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊အောင်မင်္ဂလာရပ် ကွက်တွင် အောက်တိုဘာ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲရာမှ မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်ရေနွေး အိုးတည်ထားရာမှတဆင့် အပူလွန်ကဲကာ ဝါးထ ရံအားမီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဘေးအိမ်များသို့ပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်။

ဖြစ်စဥ်အား သတင်းအရ ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊စစ်တွေခရိုင်/မြို့နယ်တို့မှ မီးသတ်တပ် ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများ၊ရပ်ကွက်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၁၁ နာရီခွဲတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၀ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး နေ အိမ် ၄ လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း နေအိမ်များပျက်စီးဆုံးရှုံးမှုကြောင့် မီးဘေးသင့်ပြည်သူ ၁၆ ဦးအားတာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ယာယီပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here