ဂျာမနီ၏ ထောက်ပံ့မှုအပေါ် ယူကရိန်းကိုယ်စားလှယ်သစ် မကျေနပ်

0
257

ဂျာမနီနိုင်ငံမှ ယူကရိန်းနိုင်ငံအား ကူညီထောက်ပံ့မှုကို ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းအထူးကိုယ်စားလှယ်သစ် Alexey Makeyev က ယခင်အထူးကိုယ်စားလှယ်ဟောင်းကဲ့သို့ပင်လျှင် မကျေနပ်ကြောင်း ဝေဖန်ပြောဆိုလိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်သည့် တွေ့ဆုံမေးမြန်းခြင်းကို ယနေ့တနင်္ဂနွေနေ့တွင် ထုတ်ဝေသည့် ဂျာမနီနိုင်ငံအခြေစိုက် Bild am Sonntag သတင်းစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

ဂျာမနီ၏ ကူညီထောက်ပံ့မှုကို “ပြိုင်ကားတစ်စီးဖြစ်သော်လည်း အဝေးပြေးလမ်းပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၃၀ နှုန်းဖြင့် သွားနေသည့်ကားတစ်စီး”ဖြင့် နှိုင်းယှဉ်ကာ Alexey Makeyev က ပြောခဲ့ခြင်းဖြစ်သည်။

“ရုရှားကိုတိုက်ရာမှာ ကျွန်တော်တို့ လိုအပ်တာတွေကို ချက်ခြင်းပေးပို့မယ့်အစား၊ ကျွန်တော်တို့ရဲ့ ရက်သတ္တပတ်များစွာကြာတဲ့အထိ တောင်းဆိုမှုတွေကို မဖြစ်နိုင်ဘူးလို့ အကြောင်းပြန်ခဲ့တယ်။ နောက်ထပ်ရက်တွေကြာသွားတဲ့အခါ ဂျာမနီနိုင်ငံရဲ့ ကူညီမှုကဏ္ဍပြီးဆုံးသွားပြီလို့ဆိုပြန်တယ်။ ဘယ်လိုပဲ ကူညီတယ်ဆိုပေမယ့် ကူညီမှုက အရမ်းနောက်ကျသွားတဲ့အခါ ကျွန်တော်တို့မှာ ခံခဲ့ကြရတယ်”ဟု ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းအထူးကိုယ်စားလှယ်သစ် Alexey Makeyev က တွေ့ဆုံမေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည်။

“ဂျာမနီနိုင်ငံအနေနဲ့ အခုထက်ပိုပြီးမြန်အောင် ကူညီနိုင်ပါတယ်။ ဒါပေမယ့်မလုပ်ခဲ့ပါဘူး”ဟုလည်း Alexey Makeyev က ဆိုသည်။

Source: Ukraine’s new envoy to Germany criticizes Berlin’s aid to Kiev


LEAVE A REPLY

Please enter your comment!
Please enter your name here