မင်္ဂလာတောင်ညွန့်တွင် လူသတ်အနုကြမ်းစီးမှုဖြစ်ပွား၊  အငြိမ်းစား ပညာရေးဝန်ထမ်း ဆရာမကြီးနှင့် အမျိုးသားအား သေဆုံးလျက်တွေ့ရှိ

0
586

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အငြိမ်းစား ပညာရေးဝန်ထမ်း ကျောင်းဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့ နေအိမ်တွင် သတ်ဖြတ်ခံထားရသည့် ဖြစ်စဉ်ဖြစ် ပွားခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက် ၊ မန္တ လေးလမ်းရှိ နေအိမ်တစ်အိမ်တွင် အဆိုပါ ဖြစ်စဉ် ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်ကတည်းက သတ်ဖြတ်ခံထားရသည်ကို မသိရှိကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၃၀) ရက် ညနေပိုင်းတွင် အနီးပတ် ဝန်းကျင်ရှိ ပြည်သူများမှ အနံ့ရရှိသည့်အတွက် သက်ဆိုင်ရာကိုအကြောင်းကြားရာမှ နေအိမ်အတွင် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ် ကြောင်း ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောသည်။

” ဓါးတန်းလန်းနဲ့ သေနေတာ ။ အမျိုးသမီးက ကျောင်း ဆရာမ အငြိမ်စားပေါ့။ ငွေနဲ့ ပစ္စည်း အချို့ ပျောက်ဆုံးနေတယ်။ လူသတ်အနုကြမ်းစီးတာပေါ့နော်။။ ဘယ်တုန်းတည်းက ဖြစ်နေလဲမသိဘူး။ အနံရလို့ ဝင်ကြည့်မှတွေ့ရတာ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ စစ်ဆေးနေပြီး ပတ်ဝန်းကျင်ကို မေးမြန်း စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အခင်း ဖြစ်ပွားရာနေရာမှာ မြန်မာ့ဂုဏ်ရည်လမ်း ဈေးအ နီးရှိ လူစည်ကားရာနေရာတွင်ဖြစ်ပြီး မန္တလေးလမ်းရှိ၊ ၁၀ ခန်းတွဲ တိုက်တန်းတွင် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here