ကမ္ဘာ့ပထမဆုံး အင်ဂျင်လေးလုံးတပ် မောင်းသူမဲ့လေယာဉ် ပထမဆုံးပျံသန်းမှု အောင်မြင်

0
322

ကမ္ဘာ့ပထမဆုံး အင်ဂျင်လေးလုံးတပ် မောင်းသူမဲ့ ဒရုန်းလေယာဉ်ဖြစ်သည့် Scorpion D လေယာဉ်၏ ပထမဆုံးပျံသန်းမှု မကြာမီရက်ပိုင်းအတွင်းက အောင်မြင်စွာပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ Sichuan Tengden Sci-Tech Innovation ကုမ္ပဏီမှ ထုတ်လုပ်ထားသော အဆိုပါ မောင်းသူမဲ့ ဒရုန်းအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ Zigong Fengming အထွေထွေလေဆိပ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က ပထမဆုံးပျံသန်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒရုန်းသည် တောင်ပံအလျား မီတာ ၂၀ ရှိကာ ကုန်အလေးချိန် ၁တန်ခွဲအထိ တင်ဆောင်နိုင်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here