သီတဂူဆရာတော်ကြီးမှ လဟယ်မြို့နယ်၊နန်းယွန်းမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊သီ လရှင်ကျောင်းနှင့်ခရစ်ယာန်ကျောင်းများအား ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့

0
355

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့ရှိ ရွှေပြည်သာခန်းမတွင် သီတဂူဆရာတော်ကြီးမှ အောက်တိုဘာ ၃၀ ရက်‌ နေ့တွင် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လဟယ်မြို့နယ်နှင့်နန်းယွန်းမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊သီလရှင်ကျောင်း ၁ ကျောင်း၊ခရစ်ယာန်ကျောင်း ၃ ကျောင်းတို့အား လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီးမှ တစ်ကျောင်းလျှင် နဝက မ္မ ၅ သိန်းကျပ်၊ဗဟိုကျောင်း ၂ ကျောင်းအား ၁၀ သိန်းစီနှင့်ကျောင်းအားလုံးကို ဆန် ၁ အိတ်၊ ဆီ ၅ ပိဿာပုံး ၁ ပုံး၊သင်္ကန်းဒွိစုံ ၁ စုံစီ ၄၇ စုံ၊မျက်နှာ သုတ်ပုဝါ ၄၇ ခု၊လွယ်အိတ် ၂ လုံးစီ ၉၄ လုံး၊သီ လရှင်ဝတ်စုံ ၄၃ စုံတို့အား လှူဒါန်းပေးခဲ့သည်။

ထို့ပြင် ရဟန်း၊သာမဏေ၊သီလရှင် ၁၅၉ ပါးအ တွက် ဆန် ၁ အိတ်စီ၊ဆီ ၅ ပိဿာပုံး ၁ ပုံးစီ၊

ဝတ္ထုငွေ ၆၀၀၀၀ ကျပ်စီနှင့်ပစ္စည်း ၁၂ မျိုးပါ ၁ အိတ်စီတို့ကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တောင်တန်းသာသနာပြုဗဟိုကျောင်းနှင့်တောင် တန်းသာသနာပြုသီလရှင်ကျောင်းတို့ကိုလည်း ငွေကျပ်သိန်း ၁၀၀ စီအား သီတဂူဆရာတော်ကြီးမှ ငွေပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here