အောက်တိုဘာလအတွင်း ကိုရီးယားနိုင်ငံသို့ မြန် မာအလုပ်သမား ၁၀၀၀ ကျော်တရားဝင်စေလွှတ်နိုင်ခဲ့

0
203

ကိုရီးယားနိုင်ငံမှ မြန်မာအလုပ်သမားများအား တရားဝင်ခေါ်ယူလျက်ရှိရာ အောက်တိုဘာလအတွင်း မြန်မာအလုပ်သမား ၁၁၆၉ ဦးအား စေ လွှတ်နိုင်ခဲ့သည်ဟု ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး-ဆိုးလ်မြို့မှ သိရသည်။

ထိုသို့ စေလွှတ်ရာတွင် အောက်တိုဘာ ၄ ရက်က ၁၂၈ ဦး၊ ၆ ရက်က ၁၂၄ ဦး၊ ၁၁ ရက်က ၁၂၀ ဦး၊ ၁၃ ရက်က ၁၄၈ ဦး၊ ၁၈ ရက်က ၁၅၀ ဦး၊ ၂၀ ရက်က ၁၇၈ ဦး၊ ၂၅ ရက်က ၁၄၈ ဦးနှင့် ၂၇ ရက်က ၁၇၃ ဦး(စုစုပေါင်း ၁၁၆၉ ဦး)တို့အား အသီးသီးစေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများအနက် ကုန်ထုတ်လုပ်သားသစ်အဖြစ်ဝင်ရောက်လုပ်ကိုင်မည့်သူ ၇၆၇ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၃၃၈ ဦး ၊ Re-entry စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား ၂၁ ဦး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ် ၁၉ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားသစ် ၂၄ ဦးတို့ဖြစ်သည်။

ရန်ကုန်လေဆိပ်မှတဆင့် မြန်မာအလုပ်သမားများ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်သို့ ရောက်ရှိချိန်၌ မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများသိရှိလိုက် နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here