အမေရိကန်စီးပွားဖြစ်ဂြိုဟ်တုများ ရုရှားပစ်ချမည့်အရေး အမျိုးသားလုံခြုံရေးကောင်စီ သတိပေး

0
326

အမေရိကန်နှင့် မဟာမိတ်နိုင်ငံများအနေဖြင့် မိမိတို့၏ စီးပွားဖြစ်ဂြိုဟ်တုများကို ယူကရိန်းနိုင်ငံ၏ စစ်ဖက်ဆိုင်ရာကိစ္စများအတွက် အကူအညီပေးနေဦးမည်ဆိုပါက ယင်းဂြိုဟ်တုများသည် တရားဝင်ပစ်မှတ်များဖြစ်လာနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက မှတ်ချက်ပြုပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီက သက်ဆိုင်သူများအား သတိပေးပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်နက်မပြန့်ပွားရေးနှင့် လက်နက်ထိန်းချုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Konstantin Vorontsov က ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ ပထမ ကော်မီတီနှင့် ဆွေးနွေးပြောဆိုစဉ် ထိုသို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here