စစ်ရေးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ (၃) ဖြစ်လာပြီး ပျော်ဘွယ်အ မတ်ဟောင်း ဦးသောင်းအေးအထွေထွေအတွင်းရေး မှူးဖြစ်လာ

0
540

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် လစ်လပ်နေသည့်  ဒုဥက္ကဋ္ဌ (၃) နှင့် အထွေထွေအတွင်းရေးမှူးနေ ရာတို့တွင် ယခင်စစ်ရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ပျော်ဘွယ်အမတ်ဟောင်း  ဦးသောင်းအေးတို့အား တာဝန်ပေးခဲ့‌ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၈) ရက်က ပြုလုပ်သည့် ဗ ဟိုအလုပ်မှုဆောင် ကော်မတီအစည်းအဝေးက အဆိုပါ လစ်လပ်နေရာများအတွက် အစည်းဝေး ဆုံးဖြတ်ချက်ဖြင့် တာဝန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက ပြုလုပ်သည့် ပါတီ တတိယအကြိမ် ညီလာခံအတွင်း ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး လဝကဝန်ကြီးဟောင်း ဦးခင်ရီက ပါတီ ဥက္ကဋ္ဌသစ်ဖြစ်လာကာ ဒုဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးလှသိန်းတို့ကို တာ ဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံ ကျင်းပနေစဉ်အတွင်းကပင် ဒုတိယ ဗို လ်ချုပ်ကြီးဟောင်း ဦးမျိုးဇော်သိန်းမှာ ဒုတိယ ဥက္ကဋ္ဌ နေရာအတွက် နာမည်ထွက်ခဲ့သော်လည်း တရားဝင်ထုတ် ပြန်ခဲ့ခြင်း မရှိဘဲ ပါတီအထွေထွေအတွင်းရေးမှူးနေရာအတွက်ကိုပါ ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသည့် ပျော်ဘွယ်အမတ်ဟောင်း ဦးသောင်းအေးသည် NLD အ မတ်အများစု စိုးမိုးသည့် ဒုတိယအကြိမ်လွှတ်တော်သ က်တမ်းအတွင်း လွှတ်တော်၌ မေးခွန်းအများအပြား မေးမြ န်းခဲ့ရာတွင် နာမည်ကြီးခဲ့သည့် အမတ်ဟောင်း တစ်ဦးဖြ စ်သည့်အပြင် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တစ်ဦးလည်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၃ ခုနှစ်အတွင်း နစက က ဦး ဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြို င်ရန် ပြင်ဆင်မှုအနေဖြင့် ပါတီတွင်း ထိပ်ပိုင်းခေါင်းဆော င်များ အပြောင်းအလဲ ပြုလုပ်ကာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော်လည်း ယခင်အဖွဲ့ဝင်ဟောင်း အများစုပြန်လည်ပါဝင်ကြောင်း သိရသည်။

အသစ် ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗဟိုအလုပ်မှုဆောင်အဖွဲ့အသစ်အရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးမြတ်ဟိန်း၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဦးလှထွန်း၊ ဒုတိယဥက္ကဋ္ဌ (၃) အဖြစ် ဦးမျိုးဇော်သိန်းနှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသောင်း အေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here