လက်ပံတန်းမြို့တွင် အမျိုးသမီးတစ်ဦးအား သေ နတ်ဖြင့်ပစ်သတ်ခဲ့သူအပါအဝင်ကြံရာပါ ၅ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့

0
473

ပဲခူးတိုင်း၊မင်းလှမြို့နယ်၊စစ်ကွင်းမြို့၊ညောင်နီကုန်းကျေးရွာအနီး၌ အောက်တိုဘာ ၂၇ ရက်က သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦးအလောင်းတွေ့ရှိခဲ့၍ လုံခြုံရေးဖွဲ့ဝင်များကစစ်ဆေးရာ သေဆုံးသူသည် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ကံကြီးလမ်းရှိ 152 KTV ဆိုင်မှ ဝန်ထမ်း မနွယ်နီ(ခ)ယိမ်း ဖြစ်ကြောင်းသိရှိရသဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအ တွက် စုံစမ်းစစ်ဆေးခဲ့သည်။

သေနတ်ဖြင့်ပစ်သတ်သူသည် လက်ပံတန်းမြို့၊မ အူကုန်းရပ်ကွက်၊သုဝဏ္ဏလမ်းနေ 152 KTV ဆိုင်နှင့် “ရွှေလက်ရာ” စားသောက်ဆိုင်ပိုင်ရှင် မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင် ဖြစ်ကြောင်းဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအား အောက်တိုဘာ ၂၉ ရက်တွင် လက်နက်ခဲယမ်းများနှင့်အတူဖမ်း ဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်သည့် သက်ထွန်းအောင်(ခ) အောင်လေး၊ သူရဦး၊ နေလင်းအောင်နှင့် စန်းမင်းအောင်တို့အား အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ထပ်မံဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူများနှင့်အတူ Sig Sauer ပစ္စတို ၁ လက်၊ခြောက်လုံးပြူးလေသေနတ် ၁ လက်၊ကျည်မျိုးစုံ ၂၂၁ တောင့်၊လက်ပစ်ဗုံး ၈ လုံး၊မှန် ပြောင်း ၁ ခု၊စကားပြောစက် ၂၂ လုံး၊လက်ထိပ် ၁ ခု၊လက်ကိုင် ဖုန်း ၇ လုံး၊ကား ၁ စီး တို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၂၆ ရက်ညပိုင်းက မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်သည် 152 KTV ဆိုင်ရှိ သီးသန့်အခန်း၌ အရက်သေစာသောက်စားကာ ဆိုင်ဝန်ထမ်း မနွယ်နီ(ခ)ယိမ်း၏ ဦးခေါင်းပေါ်တွင် ရေသန့်ဗူးတင်၍ ပစ္စတိုဖြင့်ပစ်ခတ်ရာ ဝဲဘက်နားထင်အား ကျည်ထိမှန်ခဲ့ပြီး သွေးအိုင်ထဲ ၌လဲ၍ သတိလစ်မေ့မျောနေစဉ် သေဆုံးပြီဟုယူ ဆ၍ အလောင်းအားဖျောက်ဖျက်ရန် ကားပေါ်တင်၍ မင်းလှမြို့နယ်၊စစ်ကွင်းမြို့၊ညောင်နီကုန်း ကျေးရွာဘက်သို့ထွက်ခွာခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။

ညောင်နီကုန်းကျေးရွာအနီးအရောက် အောက်တို ဘာ ၂၆ ရက်နံနက် ၄ နာရီခန့်တွင် အလောင်းအားဖျောက်ဖျက်ရန်လုပ်ဆောင်စဉ် မနွယ်နီ(ခ)ယိမ်းမှာ ပြန်လည်သတိရလာသဖြင့် သက်ထွန်းအောင် (ခ)အောင်လေးမှ အသင့်ပါလာသည့် ပစ္စတိုဖြင့် ဦးခေါင်းအား ထပ်မံပစ်ခတ်ခဲ့ပြီး ရန်ကုန်-ပြည်ကားလမ်း၏ မိုင်တိုင်အမှတ် ၉၄/၆ နှင့် ၉၄/၇ ကြားရှိ ချုံပုတ်အတွင်း၌ ဝှက်ထားခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။ 

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here