မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသလုံခြုံရေး၊တ ရားဥပဒေစိုးမိုးရေးတို့၌ ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်

0
400

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ် ဖွဲ့များကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်း အဝေးအား အောက်တိုဘာ ၃၀ ရက်နံနက် ၁၀ နာ ရီခွဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊တက္ကနာ့ခ်မြို့၊ Shahparrdwip လှေဆိပ်၌ကျင်းပစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတာဝန်ရှိသူမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအ တွင်း အခြေပြုလှုပ်ရှားနေသည့် သောင်းကျန်းသူစခန်းများ၏ တည်နေရာများအား မြေပုံနှင့်တကွ အသိပေးကာ နယ်စပ်ဒေသလုံခြုံရေးတရားဥပ ဒေစိုးမိုးရေးတို့အား ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် နယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားသည့် အကြမ်းဖက်သမားများ၊သောင်းကျန်းသူများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ခိုး ဝင်/ထွက်မှုများအား ထိရောက်စွာတားဆီးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးရန်နှင့် ၂၀၂၂ ခုနှစ်အတွင်း နှစ်နိုင်ငံနယ်စပ်ဒေသ၌ မူး ယစ်ဆေးဝါးများကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိမှုများအားဆွေးနွေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်တာဝန်ရှိသူမှလည်း နယ်စပ်ဒေသလုံခြုံရေးအခြေအနေများ၊တရားမဝင် ဝင်/ရောက်မှုများကို ထိရောက်စွာတားဆီးနှိမ်နင်းရေး၊မူးယစ်ဆေးဝါးမှုခင်းနှင့်လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့များကြား ရှိရင်းစွဲရင်းနှီခင်မင်စွာ ဆက်သွယ်ဆက်ဆံရေးကိုအခြေခံ၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုနှင့်ဖြေရှင်းဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒု-ရဲမှူးကြီး ရဲဝေစိုး အပါအဝင် ၆ ဦး၊ အမှတ်(၂)ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူး ဒု- ဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar အပါအဝင် ၈ ဦးတို့ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here