ပထမနှစ် တက္ကသိုလ်နေ့သင်တန်းဝင်ခွင့်ရသူများစာရင်းအား နိုဝင်ဘာ ၃ ရက်၌ ကြေညာမည်

0
396

ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ များ၏ တက္ကသိုလ်နေ့သင်တန်း ပထမနှစ်(ပထမနှစ်ဝက်)ဝင်ခွင့်ရသူများစာရင်းအား နိုဝင်ဘာ ၃ ရက်တွင် ကြေညာသွားမည်ဟု ပညာရေးဝန်ကြီး ဌာန၊အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

သက်ဆိုင်ရာတက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များ၊ပညာရေးဝန်ကြီးဌာန website http://www.moe.gov.mm နှင့်အဆင့်မြင့်ပညာဦးစီးဌာန website http://www.dhe.gov.mm တို့တွင် ကြေညာထားမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ပထမနှစ်(ပထမနှစ်ဝက်)နေ့သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်၌ စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့်ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအား လုံးကိုလည်း နိုဝင်ဘာ ၁၀ ရက်တွင် စတင်ဖွင့်လှစ်၍ ကျောင်းအပ်လက်ခံခြင်းအား အောက်တို ဘာ ၂၇ ရက်မှနိုဝင်ဘာ ၁၈ ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here