တမူးမြို့တွင် လက်နက်ကိုင်အဖွဲ့ဝင်များက လုံခြုံ ရေးအဖွဲ့ဝင်များအား သေနတ်ဖြင့်ပစ်ခတ်၍ “အောင်တော်မူ”ဘုန်းတော်ကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့်ပြည်သူတစ်ဦးဒဏ်ရာရ

0
125

စစ်ကိုင်းတိုင်း၊တမူးမြို့တွင် လက်နက်ကိုင်အဖွဲ့ဝင်များက လုံခြုံရေးအဖွဲ့ဝင်များအား အောက်တို ဘာ ၃၀ ရက်မွန်းလွဲပိုင်းက သေနတ်များဖြင့်ပစ် ခတ်ခဲ့သဖြင့် “အောင်တော်မူ”ဘုန်းတော်ကြီးကျောင်းမှ ခန်းနေဆရာတော်တစ်ပါးနှင့်ပြည်သူတစ်ဦးတို့ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က တမူးမြို့၊ဈေးတန်း(၁၀)ရပ်ကွက်နှင့်(၁၁)ရပ်ကွက်များအတွင်း လက်နက်ကိုင်အဖွဲ့ဝင်များရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများ ဆောင် ရွက်ရန်ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်စဥ် ဈေးတန်း(၁၀)ရပ်ကွက် “အောင်တော်မူ”ဘုန်းတော်ကြီးကျောင်းအနီးအရောက် လက်နက်ကိုင်အဖွဲ့ဝင်များက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြသည်။

ထို့ကြောင့် လက်နက်ကိုင်အဖွဲ့ဝင်များသည် “အောင်တော်မူ”ဘုန်းတော်ကြီးကျောင်း အနောက်ဘက်လမ်းမှတစ်ဆင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဘက်သို့ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထွက်ပြေးစဉ် လက်နက်ကိုင်အဖွဲ့ဝင်များသည် လမ်းကြောင်းရှိ ပတ်ဝန်းကျင်လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီး၊သေနတ်များဖြင့် ပစ် ခတ်ခဲ့၍ “အောင်တော်မူ”ဘုန်းတော်ကြီးကျောင်းမှ ခန်းနေဆရာတော် ဥူးသုဒဿန (၄၂)နှစ်၊ဝါတော်(၂၂)ဝါတွင် ဝဲလက်မောင်းနှင့်ဝဲတံတောင် ဆစ်၊ ဈေးတန်း(၁၁)ရပ်ကွက်နေ ကိုအောင်သီဟ (၂၈)နှစ်၏ ဝမ်းဗိုက်တွင်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများအား လုံခြုံ ရေးအဖွဲ့ဝင်များက လိုအပ်သည့်ဆေးကုသမှုများပြုလုပ်‌ပေးပြီးနောက် တမူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သွားသူများအား ထိရောက်စွာအ ရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here