တရုတ်ဒုဝန်ကြီးချုပ် စင်္ကာပူသို့ သွားရောက်လည်ပတ်မည်

0
193

စင်ကာပူ၊ အောက်တိုဘာ ၃၁

တရုတ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် ဟန်ကျန့် သည် ၁၈ ကြိမ်မြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (ဂျေစီဘီစီ)ကို တက်ရောက်ရန်အတွက် နိုဝင်ဘာ ၁ ရက် အင်္ဂါနေ့ မှ ဗုဒ္ဓဟူးနေ့အထိ စင်ကာပူနိုင်ငံသို့ တရားဝင် လာရောက် လည်ပတ်သွားမည် ဖြစ်သည်။

ဂျေစီဘီစီသည် တရုတ်နှင့် စင်ကာပူကြားရှိ အဆင့်အမြင့်ဆုံးနှစ်ပတ်လည် အစည်းအဝေးဖြစ်သည်။ ဟန်ကျန့်နှင့် စင်ကာပူ ဒုတိယဝန်ကြီးချုပ် ဟိန်းဆွီးကီ့တို့သည် အဆိုပါ အစည်းအဝေးအတွင်း ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် ၂၃ ကြိမ်မြောက် ဆူးကျိုးစက်မှုဇုန် ပဲ့ကိုင်ကောင်စီ (ဂျေအက်စ်စီ)၊ ၁၄ ကြိမ်မြောက် တီရန်းကျင်း ဂေဟမြို့တော် ဂျေအက်စ်စီနှင့် ၆ ကြိမ်မြောက် တရုတ်-စင်ကာပူ (ချုံကင်း) မဟာဗျူဟာမြောက် ချိတ်ဆက်မှု ဂျေအက်စ်စီဆိုင်ရာ သရုပ်ပြပွဲ အစီအစဉ်များ၏ အစည်းအဝေးပွဲများတွင်လည်း ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူမည်ဖြစ်သည်။

မစ္စတာ ဟန်သည် ကိုဗစ်နောက်ပိုင်း စင်ကာပူသို့ ပထမဆုံး လာရောက်သည့် အကြီးတန်း တရုတ် ခေါင်းဆောင်ဖြစ်သည်။

“ဂျေစီဘီစီဟာ စင်္ကာပူနဲ့ တရုတ်နိုင်ငံကြားက ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ဖို့နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဦးတည်ချက်အသစ်တွေ ရေးဆွဲသွားဖို့ နှစ်စဉ် စုဝေးကျင်းပနေတဲ့ နှစ်နိုင်ငံဆိုင်ရာ ထိပ်တန်း ပလက်ဖောင်း ဖြစ်ပါတယ်” စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ခရီးစဉ်အတွင်း ဟန်သည် စင်္ကာပူ သမ္မတ ယာကော့ဘ် နှင့် ဝန်ကြီးချုပ် လီ အပြင် အခြားသော ဝန်ကြီးများနှင့်ပါ တွေ့ဆုံသွားမည် ဖြစ်စည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here