တရုတ်နှင့် အမေရိကတို့ ယူကရိန်း စစ်ပွဲနှင့် နှစ်နိုင်ငံ ဆက်ဆံရေးအကြောင်း ဆွေးနွေးခဲ့

0
268

ဝါရှင်တန်၊ အောက်တိုဘာ ၃၁

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့သည် အောက်တိုဘာလ ၃၀ ရက်နေ့က ဖုန်းခေါ်ဆိုမှုတစ်ခု၌ နှစ်နိုင်ငံကြားရှိ ပြိုင်ဆိုင်မှုနှင့် ယူကရိန်းစစ်ပွဲများအကြောင်း ဆွေးနွေးခဲ့ကြောင်း နှစ်နိုင်ငံ ဝန်ကြီးဌာနများက ပြောကြားခဲ့သည်။

၎င်းတို့သည် ပေကျင်းနှင့် ဝါရှင်တန်ကြား ဆက်သွယ်ရေးလိုင်းများ ဖွင့်ထားရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ထိပ်တန်း သံတမန်များသည် ၎င်းတို့ နှစ်နိုင်ငံကြားရှိ ပြိုင်ဆိုင်မှုများကို တာဝန်သိစွာ စီမံခန့်ခွဲရန် လိုအပ်ကြောင်း ဆွေးနွေးပြောဆိုခဲ့သည်ဟု ဘလင်ကန်က တွစ်တာပေါ်တွင် ရေးသားထားသည်။

ဘလင်ကန်သည် ယူကရိန်းရှိ ရုရှားစစ်ပွဲအကြောင်းနှင့် ထိုစစ်ပွဲက ကမ္ဘာ့ လုံခြုံရေးသာမက စီးပွားရေး တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေကြောင်းကို ဆွေးနွေးတင်ပြခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်​၏ စစ်ဘက်ရေးရာတွင် အဆင့်မြင့် ဆီမီးကွန်ဒက်တာများ အသုံးပြုနေမှုကို ကန့်သတ်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့သော အမေရိက၏ ပိတ်ဆို့အရေးယူများအကြောင်းကို ဝမ်က ဆွေးနွေးတင်ပြခဲ့ပြီး ယူကရိန်းတွင် သံတမန်ရေး ကြိုးပမ်းမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်ဟု ပေကျင်းက ဆိုသည်။

“အမေရိကဘက်က တရုတ်ကို ထိန်းချုပ်ထားဖို့နဲ့ ဖိနှိပ်ထားဖို့ ကြိုးစားနေတာကို ရပ်တန့်သင့်ပြီး နှစ်နိုင်ငံကြားက ဆက်ဆံရေးမှာ အတားအဆီးအသစ်တွေ မဖန်တီးသင့်ပါ” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here