ပုဇွန်တောင်ဘူတာ လက်မှတ်ရုံစာရေး သေနတ်ဖြင့်ပစ်ခံရ၊ ငွေသိန်းနှစ်ဆယ်ကျော်ကို သေနတ်သမားများ ယူ ဆောင်သွား

0
275

ယနေ့ နိုဝင်ဘာ (၁) ရက် နံနက်ပိုင်းတွင် ပုဇွန်တောင်ဘူတာ လက်မှတ်ရုံစာရေး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လက်မှတ်ရောင်းရငွေအချို့ကို ယူဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၉) နာရီ ဝန်းကျင်က ပုဇွန်တောင်ဘူတာ လ က် မှတ်ရုံတွင် လက်မှတ်ရောင်းနေသည့် စာရေးအား အ မည်မသိ သေနတ်သမား (၂) ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး လက်မှတ်ရောင်းရငွေ အပါအဝင် ငွေကျပ် သိန်း ၂၀ ဝန်းကျင်ကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

” မနက် ၉ နာရီ ဝန်းကျင်လောက်က ဖြစ်သွားတာ။ သေ နတ်သမားတွေက ပိုက်ဆံတောင်းတာ မပေးဘဲ ပြန်ခုခံလို့ သေနတ်နဲ့ ပစ်ပြီး ယူသွားတာလို့ ပြောနေကြတာပဲ” ဟု ပုဇွန်တောင် ဘူတာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လက်မှတ်ရုံ စာရေးဖြစ်သူ ကိုသိန်းဝင်းထွန်း ဆိုသူမှာ သေနတ်ဒဏ်ရာများရရှိခဲ့သ ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသ ည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ‌သေနတ်ထိမှန်ခဲ့သည့် ကိုသိန်းဝင်းထွန်းဆိုသူမှာ သေဆုံးသွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ပေါ်ပြူလာနယူးစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သေနတ်သမားများ ယူဆောင်သွားသည့် ငွေကျပ် သိန်း (၂၀) တွင် လက်မှတ် ရောင်းရငွေများနှင့် မီးရထားဝန်းအတွင်းရှိ ဈေးဆိုင်ခန်းများထံမှ ကောက်ခံထားသည့် ဆိုင်ခန်းခများ အများစုပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here