ရန်ကုန်မြို့တွင်းရှိ လျှပ်စစ်ဓာတ်အားပြတ် တောက်မှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုရှိသည့် နေရာများကိုဦးစားပေး၍ ဆိုလာမီးများတပ်ဆင်ရန် မြို့တော်ဝန်မှာကြား

0
198

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက နိုဝင်ဘာ ၁ ရက်(ယနေ့)နံနက် ၁၁ နာရီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ကော်မတီဝင်နှင့် ဌာနမှူးများလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂၇/၂၀၂၂)တွင် မှာကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းအတွင်းက လျှပ်စစ်ဓာတ်အားပြတ် တောက်တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုရှိတဲ့ နေရာတွေကိုဦးစားပေးပြီး ဆိုလာမီးတွေတပ်ဆင်သွားရပါမယ်”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကမှာကြားခဲ့သည်။

ထို့ပြင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကောင်း မွန်စေရန် အနှေးယာဉ်များ၌ ရောင်ပြန်တပ်ဆင်ရေးအား စိစစ်ကြပ်မတ်ခြင်း၊လမ်းဆုံမီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများ မရှိစေရေးတို့ကိုလည်း စည်းကမ်းထိန်းသိမ်းဆောင်ရွက်ရမည်ဟု ပြောသည်။

စက်မှုဇုန်များရေဖြန့်ဖြူးပေးနိုင်ရန် အမြန်ဆောင် ရွက်ပေးရန်၊ မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ခြံဝင်းအဆောက်အဦးများဝန်းကျင် မြက်ပင်ချုံနွယ်များရှင်းလင်းရေး၊အုတ်နံရံနှင့် ခြံစည်းရိုးများသစ်လွင်စေရေးကြပ်မတ်ဆောင် ရွက်သွားရန်တို့ကိုလည်း တိုက်တွန်းမှာကြားခဲ့သည်။

ထို့အတူ ကော်မတီဝင်များ၊ဌာနမှူးများနှင့်ရန်ကုန် တိုင်းစည်ပင်သာယာရေးအဖွဲ့ ဒု-ညွှန်ကြားရေးမှူး ချုပ်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။

အစည်းအဝေးသို့ ဒု-မြို့တော်ဝန်ဦးညီညီ၊အတွင်း ရေးမှူးဦးညွန့်ဖေ၊ကော်မတီဝင်များ၊ဌာနမှူးများနှင့် ရန်ကုန်တိုင်းစည်ပင်သာယာရေးအဖွဲ့ ဒု-ညွှန်ကြား ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here