နိုဝင်ဘာ (၁) ရက်မှ စတင်ကာ ပို့ကုန်ဝင်ငွေ တင်ပြနိုင်မှသာ သွင်းကုန်ခွင့်ပြုပေးတော့မည်ဟု ကုန်သွယ်ရေးဦး စီးဌာန ထုတ်ပြန်

0
439

ကနဦးအနေဖြင့် ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် စတင်မည်ဟုဆို

နိုဝင်ဘာ (၁) ရက်မှ စတင်ကာ ပို့ကုန်ဝင်ငွေပြနိုင်မှ သွင်း ကုန် တင်သွင်းခွင့် ပြုမည့်အစီအစဉ်စတင်မည်ဖြစ်ကြော င်း ကုန်သွယ်ရေး ဦးစီးဌာနက သိရသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ အောက်တိုဘာ (၃၁) ရက် ရက်စွဲဖြင့် စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာနက ညွန်ကြားစာထုတ်ပြန်လာခြင်း ဖြစ်သည်။

ကနဦးအနေဖြင့် ထိုင်း – မြန်မာ နယ်စပ် ကုန်သွယ်ရေး လ မ်းကြောင်းများတွင် အဆိုပါအစီအစဉ်ကို နိုဝင်ဘာ(၁) ရ က်မှ စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ညွှန်ကြားထားသော်လည်း အောက်တိုဘာ (၃၁) ရက် မတိုင်မီ လိုင်စင် လျှောက်ထားပြီးသား သွင်းကုန် လုပ်ငန်းများအကျုံးဝင်ခြင်း မရှိဘဲ အဆိုပါနေ့မတိုင်မီ လိုင်စင်ထုတ်ပေးထားပြီးသား လုပ်ငန်းများအနေဖြင့် နိုဝင်ဘာ (၃၀) ရက်မတိုင်မီ ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဟုလည်း ညွှန်ကြားချက်တွင် ပါရှိသည်။

အကယ်၍ နိုဝင်ဘာ (၃၀) ရက်တွင် သွင်းကုန် လုပ်ငန်းများ မပြီးပြတ်ပါက လိုက်စင်ကို ပယ်ဖျက်ပစ်မည်ဟုလည်း ကုန်သွယ်ရေး ဦးစီးဌာနက ဆိုသည်။

ထို့အပြင် သွင်းကုန်တင်သွင်းရာတွင်လည်း ၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်နောက်ပိုင်း ရရှိသည့် ဝင်ငွေကိုသာ အသုံး ပြုခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုင်း – မြန်မာ နယ်စပ် လမ်းကြောင်းမှ သွင်းကုန်တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် မိမိတို့၏ ပို့ကုန်မှ ဝင်ငွေ ဝင်ရောက်ကြောင်း သပ်ဆိုင်ရာဘဏ်များမှ ရရှိသည့် အထောက်အထားကို ကုန်သွယ်‌ရေး ဦးစီးဌာနသို့ ပူးတွဲတင်ပြရမည်ဖြစ်ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ စစ်ဆေးပြီးပါက ဘဏ်‌ေငွစာရင်း လက်ကျန်ထက် မကျော်လွန်သော သွင်းကုန်လိုင်စင်ကို ခွင့်ပြုပေးမည်ဟုလည်းဆို သည်။

အဆိုပါ ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် မိမိ၏ ပို့ကုန် ရငွေကို သွင်းကုန်ပြန်လည် တင်သွင်းခြင်း သို့မဟုတ် အခြားကုမ္ပဏီ တစ်ခုခုအား သွင်းကုန်တင်သွင်းခွင့်ပြုခြင်းကို လုပ်ဆောင်နိုင်ကြောင်းလည်း ကုန်သွယ်ရေး ဦးစီးဌာန၏ ညွှန်ကြားချက်အရ သိရသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ်စနစ်ဖြင့် ငွေပေးချေမှု စနစ်တကျရှိစေရေးအတွက် သွင်းကုန် လုပ်ငန်းအားလုံးကို ဘဏ်စနစ်တစ်ခုတည်း ဖြင့်သာ ငွေပေးချေခွင့် ပြုသွားမည် ဖြစ်ကြောင်းလည်း ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here