အမေရိကန် Halloween ည သေနတ်ပစ်မှု လူ ၂၀ခန့်ဒဏ်ရာရ၊ အနည်းဆုံး ၁ဦးသေဆုံး

0
186

အမေရိကန်ပြည်ထောင်စု ကင်းဆပ်စီတီးနှင့် ချီကာဂိုတို့တွင် သီးခြားသေနတ်ပစ်မှု ၂ ခုဖြစ်ပွားခဲ့ရာ လူ ၂၀ ခန့် ဒဏ်ရာရရှိပြီး အနည်းဆုံး ၁ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ကင်းဆပ်စီတီးတွင် အောက်တိုဘာ ၃၁ ရက်ညက လူငယ် ၁၀၀ ခန့် Halloween ပွဲတော်ကျင်းပနေစဉ် သေနတ်ပစ်မှုဖြစ်ပွားရာ ၁ ဦးသေဆုံးပြီး ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ရဲမှူးကပြောသည်။

ချီကာဂိုတွင်မူ ယမန်နေ့ညကပင်လျှင် ကားမောင်းရင်း သေနတ်ဖြင့်ပတ်ခတ်ရာ ကလေး ၂ဦး နှင့် ဆယ်ကျော်သက် ၁ ဦးအပါအဝင် ၁၄ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး၊ သေဆုံးမှုသတင်းကို ချီကာဂိုရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးချေ။ ယင်းတို့အနက် ၇ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်းသိရသည်။

သေနတ်သမားများကို ဖမ်းဆီးရမိခြင်းမရှိသေး‌ ချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here