တောင်ကိုရီးယားနှင့် အမေရိက၏ စစ်ရေးလေ့ကျင့်မှုများ ရပ်တန့်ရန် မြောက်ကိုရီးယား တောင်းဆို

0
294

ဝါရှင်တန်၊ နိုဝင်ဘာ ၁

မြောက်ကိုရီးယားသည် အောက်တိုဘာ ၃၁ ရက် တနင်္လာနေ့က တောင်ကိုရီးယားနှင့် အမေရိကတို့၏ အကြီးစား စစ်ရေးလေ့ကျင့်မှုအား ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

ကိုရီးယားကျွန်းဆွယ်နှင့် ၎င်း၏ အနီးတစ်ဝိုက် အခြေအနေသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ရပ်စဲခြင်းမရှိသော မဆင်မခြင် စစ်ရေးလှုပ်ရှားမှုများကြောင့် အာဏာအတွက် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများ ထပ်မံ ဖြစ်ပေါ်လာရကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်တွင် ပြောသည်။

အမေရိကနှင့် တောင်ကိုရီးယားတို့သည် ဗစ်ဂျစ်လန့် စတောင်းမ် အမည်ရ ၎င်းတို့၏ အကြီးဆုံးသော ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့က စတင်ခဲ့သည်။

ပြုံးယမ်းက အဆိုပါပူးတွဲ စစ်ရေးလေ့ကျင့်မှုအား ကျူးကျော်ရန်အတွက် ကြိုတင်ပြင်ဆင်နေသော လေကျင့်မှုဟုဆိုကာ ရှုတ်ချခဲ့သည်။  

မြောက်ကိုရီးယားသည် ၎င်း၏ အချုပ်အခြာအာဏာ၊ ပြည်သူများ၏ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကို ပြင်ပ စစ်ရေးခြိမ်းခြောက်မှုများမှ ကာကွယ်ရန်အတွက် လိုအပ်သည့် အစီအမံအားလုံးကို လုပ်ဆောင်ရန် အသင့်ဖြစ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကသည် ပြင်းထန်သော စစ်ရေး ရန်စမှုများကို  ဆက်လက် ပြုလုပ်နေပါက ပိုမိုအားကောင်းသော နောက်ဆက်တွဲ အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။

“တကယ်လို့ အမေရိက အနေနဲ့ သူ့ရဲ့ လုံခြုံရေး အကျိုး စီးပွါးနဲ့ မကိုက်ညီတဲ့ ပြင်းထန်တဲ့ ဆိုးကျိုးအသစ်တွေ မလိုလားဘူးဆိုရင် အသုံးမဝင်ပြီး ထိရောက်မှု မရှိတဲ့ စစ်လေ့ကျင့်မှုတွေကို ချက်ချင်း ရပ်လိုက်သင့်ပါပြီ။ မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးအားလုံးအတွက် ခေါင်းခံရပါလိမ့်မယ်။” ဟု ဖော်ပြထားသည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here