ရှန်ဟိုင်းဒစ်နေးလန်းတွင် ကိုဗစ်ကြောင့်ခရီးသွားများပိတ်မိနေ

0
183

ပေကျင်း၊နိုဝင်ဘာ ၁

တရုတ်အာဏာပိုင်များ၏ ရှန်ဟိုင်းဒစ်နေးလန်းကို ရုတ်တရက်လော့ခ်ဒေါင်းချမှုကြောင့် ခရီးသွားများပိတ်မိနေကြောင်းသိရှိရပြီး အဆိုပါခရီးသွားများအား ကိုဗစ်ကင်းစင်ကြောင်း အထောက်အထားမပြနိုင်သရွေ့ထွက်ခွာခွင့်မပြုထားကြောင်းသိရှိရသည်။

“ဒစ်နေးလန်းကိုလာတဲ့ခရီးသည်တွေကို ဆိုက်ထဲမှာ စစ်ဆေးလို့ကိုဗစ်ကင်းစင်မှုရလဒ်မရမချင်း အပြင်ထွက်ခွင့်မပြုထားပါဘူး” ဟု မြို့တော်အစိုးရကပြောကြားခဲ့သည်။

“ရောဂါထိန်းချုပ်မှု လိုအပ်ချက်များနှင့်အညီ ယာယီပိတ်သိမ်းခြင်း” ဟု ဒစ်နေးလန်းက ပြောကြားပြီးနောက် ယခုကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

“လုပ်ငန်းပြန်လည်စတင်မည့်ရက်စွဲကို အတည်ပြုပြီးသည်နှင့် ဧည့်သည်များကို အကြောင်းကြားပါမည်” ဟုလည်း ဒစ်နေးလန်းကပြောကြားခဲ့သည်။

ရှန်ဟိုင်းတွင် ရောဂါလက္ခဏာမပြသော ရောဂါဖြစ်ပွားမှု ၁၀ ခု အပါအဝင် ဒေသတွင်း ကိုဗစ်ကူးစက်မှု ၂,၆၉၉ ခုရှိကြောင်းကို ကထုတ်ပြန်ခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်မှသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here