တွစ်တာတွင် Blue Mark ရရှိလိုပါက လစဉ်ကြေး ၈ ဒေါ်လာပေးရမည့် အစီအစဉ်သစ် အီလွန်မတ်စ်တင်ပြ

0
229

တွစ်တာတွင် အများပြည်သူအတွက် “power to the people” အစီအစဉ်ဖြင့် အတည်ပြုအမှတ်အသား(Blue Mark)စီစဉ်ပေးသွားမည်ဖြစ်ပြီး ထိုအတွက် လစဉ်ကြေး တစ်လလျှင် ၈ ဒေါ်လောပေးဆောင်ရမည့်အစီအစဉ်သစ်တစ်ခုကို ယခုအခါ တွစ်တာကုမ္ပဏီကို ပိုင်ဆိုင်နေပြီဖြစ်သော ဘီလျံနာ အီလွန်မတ်စ်က တင်ပြပြောကြားလိုက်သည်။11:15

ထိုသို့ပေးဆောင်ကာ Blue Mark ရရှိထားသူများအနေဖြင့် mention များ၊ reply များ၊ search များနှင့် အခြားကိစ္စရပ်များအတွက် ဦးစားပေးမှုများရရှိမည်ဖြစ်ပြီး၊ တွစ်တာတွင် ကြော်ငြာထိုးခြင်းများကိုလည်း အခြားသူများနှင့် စာလျှင် တစ်ဝက်မျှသာမြင်ကြရမည်ဖြစ်ကာ၊ အခြားသူများထက် ပိုမိုရှည်လျားသော ဗီဒီယိုဖိုင်များနှင့် အသံဖိုင်များကိုလည်း တင်ခွင့်ရမည်ဖြစ်ကြောင်းသူကဆိုသည်။

အီလွန်မတ်စ်သည် ကန်ဒေါ်လာ ၄၄ ဘီလျံဖြင့် Twitter ကို ဝယ်ယူထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here