ဂျာမနီရှိ အရက်ဆိုင်နှစ်ဆိုင်ကမ္ဘာ့ဖလားပွဲစဉ်များအား ပြသတော့မည်မဟုတ် 

0
212

ဂျာမနီရှိ အရက်ဆိုင်ပိုင်ရှင် နှစ်ဦးသည် ကာတာနိုင်ငံ၏ လူ့အခွင့်အရေးကို စံချိန်တင် ချိုးဖောက်မှုကြောင့် ထိုနိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲများ၏ ပွဲစဉ်များကို ပြသမည် မဟုတ်ကြောင်း ပြောသည်။

ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပသည့် အရှေ့အလယ်ပိုင်းနိုင်ငံ ကာတာသည် နိုင်ငံခြားအလုပ်သမား များအပေါ် ဆက်ဆံမှုနှင့် တင်းကျပ်သော လူမှုရေးဥပဒေတို့ကြောင့် နိုင်ငံတကာ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသည်။

“လူ့အခွင့်အရေးတွေ အများကြီး ချိုးဖောက်ခံတယ်လေ၊ ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်ကနေ ကြည့်ရင် ဘယ်လို့မှ လက်ခံလို့မရပါဘူး” ဟု ဘွန်မြို့ရှိ ဘဘယ်လ် ဘားပိုင်ရှင် Fanny Delaune က ရိုက်တာ သတင်းဌာနသို့ ပြောခဲ့သည်။

ဒိုင်းဘခစ် ဘားပိုင်ရှင် Tobias Epping ကလည်း “ကျွန်တော်တင် မဟုတ်ဘဲ ကျွန်တော်ရဲ့ ပုံမှန်ဖောက်သည်တွေကိုလည်း ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ပေါ်မှာ မဲခွဲခိုင်းပြီးမှ ကမ္ဘာ့ဖလား ပြိုင်ပွဲ မပြဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ဆိုသည်။

ကာတာ၌ အလုပ်သမား ထောင့်ငါးရာကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ဖြစ်ရပ်များကို ဆက်လက် မထောက်ခံနိုင်တော့ကြောင်း ၎င်းကပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သော ဂါးဒီးယန်း သတင်းစာ၏ စိစစ် သုံးသပ်ချက်၌ ကာတာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်မှစတင်၍ တောင်အာရှမှ ရွှေ့ပြောင်းနေထိုင်သူ ၆,၅၀၀ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here