ကုန်စည်များအား ရထားဖြင့်အဓိက ပို့ဆောင်ပါက စက်သုံးဆီသုံးစွဲမှုလျော့ ကျနိုင်မည်ဟု နစက ဥက္ကဋ္ဌပြော

0
182

ပြည်ပမှစက်သုံးဆီနှင့်စားသုံးဆီများတင်သွင်းနေရမှုအား လျှော့ချရန်နှင့်ပတ်သက်၍ နိုဝင်ဘာ ၁ ရက်က နေပြည်တော်၌ပြုလုပ်ခဲ့သည့် ပြည် ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂)၌ နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ် သည်။

ပြည်ပသွင်းကုန်နှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းမှုအား လျှော့ချနိုင်ရန်လိုအပ်နေသေး၍ လျှပ်စစ်ကိုပိုမိုထုတ်လုပ်နိုင်ရန် မိမိအနေဖြင့် တိုက်တွန်းပြောကြားခြင်းဖြစ်သည်ဟု ပြော သည်။

စက်သုံးဆီနှင့်စားသုံးဆီတင်သွင်းမှုများ လျှော့ချနိုင်ရန်လိုကာ စက်သုံးဆီများကိုလည်း ချွေတာသုံးစွဲရန်လိုအပ်ပြီး ကုန်စည်များသယ်ယူပို့ဆောင်ရာ၌ ရထားဖြင့်ပို့ဆောင်သည့်စနစ်ကို အဓိကထားဆောင်ရွက်ပါက စက်သုံးဆီသုံးစွဲမှုလျော့ကျစေမည်ဟု ပြောသည်။

“ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အားနည်း ချက်တွေရှိနေသေးပါတယ် စက်သုံးဆီသုံးစွဲမှုလျှော့ချရေးနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ နီးစပ်ရာအလိုက် စုပေါင်းအကောင်အထည်ဖော်ပြီး အောင်မြင်အောင်ဆောင်ရွက်ကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် စားသုံးဆီအား ပြည်ပမှတင်သွင်းမှုလျှော့ ချနိုင်ရန် ပြည်တွင်းဆီထုတ်လုပ်မှုအား မြှင့်တင် ဆောင်ရွက်နိုင်ရန်လိုအပ်ပြီး ဆီထွက်သီးနှံများ၏ တစ်ဧကအထွက်နှုန်း တိုးတက်အောင်ပါက ဆီထုတ်လုပ်မှုများ ယခုထက်ပိုမိုတိုးတက်လာမည်ဟု ပြောသည်။

ထို့ကြောင့် ဆီထွက်သီးနှံများ အထွက်နှုန်းတိုး တက်စေရန် အလေးထားကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး စက်သုံးဆီနှင့်စားသုံးဆီများ ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ပါက နိုင်ငံခြားငွေသုံးစွဲမှုများ များစွာလျော့ကျသွားမည်ဟု နစက ဥက္ကဋ္ဌပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here