အမြန်လမ်း တိုးဂိတ်နှစ်ခု ဖြတ်သန်းသွားလာခွင့် အချိန်ကန့်သတ်မှု ခရီးသွားပြည်သူများ အချိန့်ကြန့်ကြာမှုနှင့်အခက်အခဲကြုံ

0
189

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ တိုးဂိတ်အချို့ ကို ဖြတ်သန်းသွားလာခွင့်ပြုသည့် အချိန်ကန့်သတ်လိုက်သည့်အတွက် ခရီးသွားပြည်သူများ အချိန်ကြန့်ကြာမှုနှင့် အခက်အခဲအချို့ ကြုံတွေ့နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စတင်တာ ရန်ကုန် မန္တလေး အမြန်လမ်းပေါ်ရှိ မန္တလေး – စကားအင်း တိုးဂိတ်နှင့် မိတ္ထီလာ – သီးကုန်းတိုးဂိတ် နှစ်ခုတွင် ညဆယ်နာရီနောက်ပိုင်း ဖြတ် သန်းသွားလာခွင့်မပြုရန် အချိန်ကန့်သတ်ခဲ့ခြင်း ဖြစ်သ ည်။

ယင်းသို့ ကန့်သတ်လိုက်သည့်အတွက် အမြန်လမ်း အသုံး ပြုသူ ခရီးသွားပြည်သူများ နာရီ ပေါင်းများစွာ ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့်အတွက် အခက်အခဲများ ကြုံ တွေ့နေရကြောင်း အမြန်လမ်းအသုံးပြုသည့် ခရီးသွားပြည်သူများက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

” အရင်က ၁၂ နာရီအထိ ဖြတ်လို့ရတယ်။ အခု (၁၀) နာရီကန့်သတ်လိုက်တော့ ဒုက္ခရောက်တာပေါ့ ။ လမ်းပေါ်မှာတင် လေးငါးနာရီ အချိန်ကုန်နေတာ။ မဖြစ်မနေသွားရလို့သာပေါ့။ အရေးအကြောင်းရှိရင် အခက်အခဲ ဖြစ်တာပေါ့ ။ ဟိုရောက်တဲ့ အချိန်ကလည်း တော်တော်လေး နောက် ကျမှ ရောက်တယ်” ဟု ခရီးသွား ပြည်သူ တစ်ဦးက ပြော သည်။

ယခင်က အဆိုပါ တိုးဂိတ် (၂) ခုကို ည (၁၂) နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည့်အပြင် (၁၂) နာရီနောက် ပိုင်းမှ နံနက် (၄) နာရီအထိသာ ရပ်နားထားရပြီး ကျန်တိုးဂိတ်များတွင် ပုံမှန်စစ်ဆေးမှုများသာ လုပ်ဆောင်လေ့ရှိသည့်အတွက် အချိန်မီရောက်ရှိရန် သွားလာနိုင်သည့်အ တွက် ဝန်ထုပ်ဝန်ပိုးမရှိသော်လည်း ယခုတွင် တာဝန်ယူရသည့် အပိုင်းများ ပိုလာကြောင်း ရန်ကုန် – မန္တလေး ခရီး သည်တင် ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလ ည်း ပြောသည်။

” တာဝန်ယူရတဲ့ အပိုင်းတွေ ပိုလာတာပေါ့နော်။ အထူးသ ဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တာတွေ ၊ လုံခြုံရေးနဲ့ ပတ် သက်တဲ့အပိုင်းတွေ ဝန်ပိုလာတာပေါ့။ တစ်ခုခုဆို ကိုယ်တွေပဲ ခေါင်းခံရတာ ။ အတတ်နိုင်ဆုံးတော့ အချိန်မီရော က်နိုင်ဖို့နဲ့ အန္တရာယ်ကင်းကင်း ရောက်အောင်ပို့ဆောင်နိုင်ဖို့ပဲ အဓိက ဦးစားပေးပါတယ်” ဟု ၎င်းက ဆိုသည်။

အမြန်လမ်း အသုံးပြုသည့် ယာဥ်များအနေဖြင့် သတ်မှ တ်အချိန် ကျော်လွန်သွားပါက ယာဉ်ရပ်နားစခန်းများဖြစ်သည့် ၃၉ မိုင်၊ ၁၁၅ မိုင်၊ မိုင် ၂၀၀ နှင့်၂၈၅ မိုင်တို့တွင်သာ ညအိပ် ရပ်နားရမည်ဟု နစကက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အသိပေး ထုတ်ပြန်ထားသည်။

” ညီမတို့ ၂၈၅ မိုင်မှာ ညအိပ်ရတာပေါ့နော်။ ရန်ကုန်က ညနေ (၅) နာရီကားနဲ့လာတာ မန္တလေးကို (၈) နာရီလော က်မှ ရောက်တယ်။ တော်တော်လေး နောက်ကျတာပေါ့။ ပုံမှန်ဆို (၄) နာရီခွဲ (၅) နာရီလောက်ဆိုရောက်ပြီ။ ကြန့် ကြာတာပေါ့။ ကားပေါ်မှာ (၄/၅) နာရီလောက် အချိန်ကုန်အောင် စောင့်နေရတယ်” ဟု ရန်ကုန်မှ မန္တလေးသို့ သွားသည့် ခရီးသွားပြည်သူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းကို ယခင်က (၂၄) နာရီ ဖြတ်သန်းသွားလာနိုင်ပြီး ပြီးခဲ့သည့် ကိုဗစ်ကပ်ရောဂါ ကာလမှ စတင်ကာ ညအချိန် ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ရာမှာ ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည့်နောက်တွင် လုံခြုံရေးအရဟုဆိုကာ ထပ်မံကန့်သတ်မှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here