အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ပြဌာန်း၊ မှတ်ပုံမတင်ဘဲအသင်းအဖွဲ့လုပ်ငန်များ လုပ်ဆောင်ပါက ထောင် (၃) နှစ်အထိ ကျခံရနိုင်

0
1655

၂၀၂၂ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ မှတ်ပုံတင် မရှိဘဲ အသင်းအဖွဲ့လုပ်ငန်းများ လုပ်ဆောင်ပါက ထောင်ဒဏ် (၃) နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။

ယခင် ၂၀၁၄ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေကို မကြာမီ ရက်ပိုင်းအတွင်းက ပယ်ဖျက်ကာ ဥပဒေသစ်ကို ပြဌာန်းခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ ဥပဒေသစ်အရ ယခင်က မှတ်ပုံတင်ပြီးသား အသင်းအဖွဲ့များအနေဖြင့် သက်တမ်းကျန်ရှိနေသေးပါက သက်တမ်းတိုးရန် မလိုအပ်ဘဲ သက်တမ်းကုန်ဆုံးပြီဖြစ်သည့် အသင်းအဖွဲ့များအနေဖြင့် မဖြစ်မနေ သက်တမ်းတိုးရန်လိုအပ်ကြောင်း ဖော်ပြပါရှိသည်။

အကယ်၍ သက်တမ်းတိုးခြင်း မရှိဘဲ လုပ်ငန်းဆက်လက်ဆောင်ရွက်မည်ဆိုပါက ‌ငွေဒဏ်အနေဖြင့် (၅) သိန်းကျပ် ရခံရမည်ဖြစ်ပြီး ငွေဒဏ်မပေးဆောင်ပါက ထောင်ဒဏ် (၂) နှစ်အထိ ကျခံရမည်ဟု ၂၀၂၂ အသင်းအဖွဲ့ဥပဒေသစ်တွင် ပြဌာန်းထားသည်။

ထို့အပြင် ယခင်ကမှတ်ပုံတင်ရရှိပြီးသား သက်တမ်းကုန် ဆုံးနေသည့် အသင်းအဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင်အသစ် ပြန်လည်လျှောက်ထားရမည် ဖြစ်ပြီး ယင်းသို့ လျှောက်ထားခြင်း မရှိဘဲ လုပ်ငန်း ဆက်လက် လုပ်ကိုင်မည်ဆိုပါက ထောင်ဒဏ် (၃) နှစ်အထိ ကျခံရနိုင်ပြီး မှတ်ပုံတင်မရှိသည့် အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်နေသူများကို ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ထောင်ဒဏ်မကျခံလိုပါက အရေးယူခံရသည့် အသင်းဝင်များအနေဖြင့် ဒဏ်ငွေ (၅) သိန်းကျပ် ပေးဆောင်ရမည်ဟုလည်း ဆိုသည်။

ပြည်တွင်းအသင်းအဖွဲ့များအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းဆောင်ရွက်လိုပါက ပြည်ထောင်စုနယ်မြေ မှတ်ပုံတင်ရေးအဖွဲ့ထံတွင် မှတ်ပုံတင် လျှောက် ထားရမည်ဖြစ်ပြီး မှတ်ပုံတင်ကြေးအနေဖြင့် ငွေကျပ် (၃) သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အစိုးရက တရားဝင် ခွင့်ပြုကာ မှတ်ပုံတင် ထုတ်ပေးထားသည့် အသင်းအဖွဲ့များအနေဖြင့် မတရားအသင်းနှင့် ဆက်သွယ်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ ဖြစ်စေ လုပ်ဆော င်ခွင့် မပြုကြောင်းလည်း ယင်းဥပဒေက ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် လုပ်ရပ်များ ၊ တရား ဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေမည့် လုပ်ရပ်များကို တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်၍ သော်သော်လည်းကောင်း မလုပ်ဆောင်ကြရန်လည်း ၂၀၂၂ ခုနှစ် အသင်းအဖွဲ့ ဥပဒေသစ်က တားမြစ်ပြဌာန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here