နေပြည်တော် မစိုးရိမ်တိုက်သစ်သို့ နစက၏ကထိန် လှူဒါန်းမူ သိန်း​ပေါင်း တစ်​ထောင့်တစ်ရာ​ကျော်

0
367

နစက မှ ဇဗ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်သို့ လှူဒါန်းသည့် ၂၀၂၂ ခုနှစ် ကထိန်သင်္ကန်းဆက် ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားအား နိုဝင်ဘာ ၂ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသန္တိစေ တီတော်၊သာသနာ့မဟာဗိမာန်တော်၌ ကျင်းပခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့၊ဗန်းမော်ကျောင်းတိုက်၏ ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်

သန်လျင်မြို့မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများအမှူးပြုသည့် ဆရာတော်ကြီး ၂၇ ပါးကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

အလှူပွဲသို့ နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့လည်းတက်ရောက်၍ ကုသိုလ်ယူခဲ့သည်။

ဗန်းမော်ဆရာတော်ကြီးကအလှူပွဲလာ ပရိသတ်များအားသီလပေးပြီး ဆရာတော်သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များရွတ်ပွားချီးမြှင့်တော်မူခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဗန်းမော်ဆ ရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းခဲ့သည်။

သန်လျင်မင်းကျောင်းဆရာတော်ကြီးက အနုမောဒနာတရား​ဟောကြားပြီး​နောက် အလှူရှင်များက လှူဒါန်းမှူအစုစုအတွက်ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

နစက ၏ ၂၀၂၂ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားတွင် ပဒေသာပင် ၄၄ ခုနှင့်လှူဒါန်းငွေ ၇၃၆၄၃၂၅၀ ကျပ်(စုစုပေါင်း လှူဒါန်းငွေကျပ် ၁၁၂၉၆၅၈၅၀) ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here