မန္တလေးတွင် ခရီးသည်တင်ကားပေါ်မှ ငွေကျပ် ၁  ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉  သိန်း‌ ကျော်ဖမ်းမိ

0
238

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊တံခွန်တိုင်အဝိုင်းအနီးတွင် အောက်တိုဘာ ၃၁ ရက်မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခန့်က မန္တလေးတိုင်းရဲတပ် ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊တံခွန်တိုင်အဝိုင်းအနီးရှိ ရန်ကုန်- မန္တလေးသွားကားလမ်းတွင် မျိုးမြင့်မောင်(ခ)ဖိုးသား မောင်းလာသည့် ခရီးသည်တင်ကားအား သတင်းအရရှာဖွေခဲ့ကြသည်။

ကားပေါ်တွင် မန္တလေးတိုင်းမှရခိုင်ပြည်နယ်သို့ သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉ ဒသမ ၇၅ သိန်းအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ စိတ်ကြွဆေးပြားများသယ် ဆောင်ရာတွင်ပူးပေါင်းပါဝင်သူများဖြစ်သည့် မျိုးညွန့်အောင်(ခ)အငယ်ချေ၊ ကျော်ကျော်ဝင်း (ခ)ဦးကျော် တို့အားထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here