မြန်မာ့မီးရထားမှ လက်မှတ်များအား Online စနစ်ဖြင့်ရောင်းချရန် စီစဥ်လျက်ရှိ

0
233

ရန်ကုန်ဘူတာကြီးမှတဆင့် အနယ်နယ်အရပ်ရပ်သို့ပြေးဆွဲပေးလျက်ရှိသည့် မြန်မာ့မီးရထားမှ ရထားလက်မှတ်များအား Online စနစ်ဖြင့်ရောင်း ချရန်စီစဥ်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“မီးရထားရုံးချုပ်ကတော့ အွန်လိုင်းစနစ်နဲ့ရောင်းဖို့စီစဥ်နေပါတယ် အခုမှအစပျိုးစီစဥ်နေတာပဲရှိပါတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မြန်မာ့မီးရထားမှ ရထားလက် မှတ်များအား ရိုးရိုးတန်းလက်မှတ်ဖြစ်ပါက ၁ ရက်ကြိုတင်နှင့်အထက်တန်းလက်မှတ်ဖြစ်ပါက ၃ ရက်ကြိုတင်၍ သက်ဆိုင်ရာဘူတာများ၏ လက်မှတ်အရောင်းဌာနများ၌ မှတ်ပုံတင်ပြသဝယ်ယူနိုင်ပြီး ယာဥ်မောင်းလိုင်စင်၊ထောက်ခံစာများဖြင့်ဝယ်ယူ၍မရကြောင်း သိရသည်။

“လောလောဆယ် ရန်ကုန်ဘူတာကြီးက ဆာဗေးလုပ်နေတာက အွန်လိုင်းစနစ်တော့မဟုတ်ဘူးပေါ့နော် ခရီးသည်တွေကို ကွန်ပလိန်းစင်တာဖွင့်ပြီး လိုအပ်လို့ရှိရင် လက်မှတ်ကြိုပြီးမှာတယ်ဆိုရင်ကျွန်တော်တို့က ရက်ကြိုဆိုရင်ညွှန်ပေးမယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

မြန်မာ့မီးရထားမှပြေးဆွဲပေးနေသည့် နယ်ဝေးမီး ရထားလက်မှတ်များအား “လေအိတ်ရထားလက် မှတ်အရောင်းဌာန”အမည်ဖြင့် လူမှုကွန်ယက်စာ မျက်နှာတွင် အကောင့်တုဖွင့်၍ လိမ်လည်ရောင်း ချမှုများရှိနေကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး လေအိတ်အမြန်ရထားကိုလည်း အပတ်စဥ် သောကြာနေ့နှင့်တနင်္ဂနွေနေ့တိုင်း ပြေးဆွဲပေးလျက်ရှိကာ ရန်ကုန်ဘူတာကြီးမှ နေ့လည် ၃ နာရီ ၄၅ မိနစ်တွင်စတင်ထွက်ခွာပြီး မန္တ လေးဘူတာကြီးမှ နေ့လည် ၃ နာရီတွင် ပြန်လည်ထွက်ခွာ၍ လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၇၇၅၀ ကျပ်၊အထက်တန်း ၁၅၅၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး လေအိတ်အမြန်ရထားအပြင် ရန်ကုန်-မန္တလေး အမြန်ရထားများကိုလည်း နေ့စဥ်ပြေးဆွဲပေးလျက်ရှိကာ လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၇၇၅၀ ကျပ်၊အထက်တန်း ၁၅၅၀၀ ကျပ်နှင့်အိပ်စင် ၂၁၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-မန္တလေး လော်ကယ်ရထားကိုလည်း ရက်ခြားပြေးဆွဲပေးလျက်ရှိကာ လက် မှတ်ခမှာ ၅၇၀၀ ကျပ်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ နံနက် ၇ နာရီ ၄၅ မိနစ်၌ထွက်ခွာပြီး မန္တလေးဘူတာမှ ညနေ ၅ နာရီတွင် ထွက်ခွာကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ရန်ကုန်-ပြည် လေအိတ် အမြန် ရထား(နေ့စဉ်)၊ကြည့်မြင်တိုင်-ပြည် စာပို့ရထား (နေ့စဉ်)၊ရန်ကုန်-မော်လမြိုင် လေအိတ် အမြန်ရ ထား(နေ့စဉ်)၊ရန်ကုန်-ပဲခူး(နေ့စဉ်)၊ပျဉ်းမနား- တောင်တွင်းကြီး စာပို့ရထား(နေ့စဉ်)၊ပုသိမ်-ကြံခင်း စာပို့ရထား(နေ့စဉ်)၊မန္တလေး-ပြင်ဦးလွင် (စနေ)၊ပြင်ဦးလွင်-ဂုတ်ထိပ်(တနင်္ဂနွေ)၊သာစည်- ရွှေညောင်(တနင်္လာ)၊ပြည်တော်သာ-ရေချမ်းပြင် (နေ့စဉ်)၊တောင်ကြီး-ဘန်းယဉ်(နေ့စဉ်)ရထားလမ်းပိုင်းများကိုလည်း ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here