ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းရှိ အကြီးမားဆုံး နျူကလီးယားစက်ရုံနှင့် မဟာဓာတ်အားလိုင်း ဆက်သွယ်မှုပြတ်တောက်

0
268

ယူကရိန်းနိုင်ငံ ဧရိယာအများအပြားအား ရုရှားတို့က ယနေ့ နိုဝင်ဘာ ၃ ရက်တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံတွင်ရှိသော ဥရောပ၏ အကြီးဆုံး နျူကလီးယားစက်ရုံနှင့် နိုင်ငံ၏ မဟာဓာတ်လိုင်း ဆက်သွယ်မှုပြတ်တောက်သွားကြောင်းသိရသည်။

ယူကရိးနိုင်ငံတောင်ပိုင်းရှိ Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံကြီးသည် ရုရှား၏ပစ်ခတ်တိုက်ခိုက်မှုကြောင့် လျှပ်စစ်ဓာတ်အားဗို့အားမြင့်လိုင်းများ ပျက်စီးခဲ့ကာ ဒီဇယ်ဂျင်နရေတာများဖြင့် လည်ပတ်နေရပြီး၊ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှုလည်း ရပ်ဆိုင်းခဲ့ကြောင်း ယူကရိန်း နျူကလီးယားကုမ္ပဏီ Energoatom ကပြောသည်။

အဆိုပါစက်ရုံမှ မီးစက်များလည်ပတ်ရန် လောင်စာဆီ ၁၅ ရက်စာခန့် ရှိသေးကြောင်း Energoatom မှ ပြောကြားခဲ့သည်။

ယူကရိန်းအလယ်ပိုင်းရှိ Kriviy Rih၊ အရှေ့မြောက်ဘက်ရှိ Sumy နှင့် Kharkiv တို့တွင်လည်း ရုရှားတို့၏ တိုက်ခိုက်မှုများခံနေရကာ၊ Luhansk နှင့် Donetsk အရှေ့ပိုင်းဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

Source: Ukrainian nuclear plant disconnected from grid by Russian shelling


LEAVE A REPLY

Please enter your comment!
Please enter your name here