အကျပ်အတည်းကြားရောက်နေသည့်သီရိလင်္ကာ၌ အခွန်တိုးမြှင့်မှုကြောင့်ဆန္ဒပြမှုများထပ်မံဖြစ်ပေါ်

0
206

ကိုလံဘို၊နိုဝင်ဘာ ၃

သီရိလင်္ကာတွင်ဆယ်စုနှစ်စုတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရစဉ် အခွန်တိုးမြှင့်မှု၊ငွေကြေးဖောင်းပွမှုနှင့်ဖိနှိပ်မှုများကြောင့် အကြီးဆုံးမြို့ကိုလမ်ဘိုတွင် လူများရာနှင့်ချီကာ ချီတက်ဆန္ဒပြခဲ့ကြကြောင်းသိရှိရသည်။

အတိုက်အခံနိုင်ငံရေးပါတီများ၊အလုပ်သမားသမဂ္ဂများနှင့်အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းစီစဉ်သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲကို ပြုလုပ်ချီတက်သူများသည် သမ္မတအိမ်တော်နှင့်အခြားဝန်ကြီးဌာနများတည်ရှိရာ မြို့လယ်ခေါင်သို့ချီတက်ရန်ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့ကပိတ်ဆို့ခဲ့သည်။

“လူတွေကတစ်နေ့ကိုထမင်းသုံးနပ်တောင်မှန်မှန်မစားနိုင်တော့ချိန်မှာ ဒီအစိုးရကအခွန်တိုးမြှင့်ကောက်ဖို့ကလွဲပြီးဘာထောက်ပံ့မှုမှလည်းမလုပ်ထားပါဘူး၊ဒီကိစ္စတွေအတွက်ဖြေရှင်းချက်တွေလိုအပ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” ဟု သီရိလင်ကာ ဆရာများသမဂ္ဂအတွင်းရေးမှူး ဂျိုးဇက်ဖ်စတာလင်ကပြောကြားခဲ့သည်။

နိုင်ငံတော်အလံနှင့်အနက်ရောင်အလံများကိုင်ဆောင်ထားသော ဆန္ဒပြသူများသည် “ရာနေးလ်အိမ်ပြန်ပါ၊ရာထူးကဆင်းပါ” ဟူသောကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြပြီး ရွေးကောက်ပွဲအသစ် ကိုကျင်းပရန်တောင်းဆိုခဲ့ကြသည်။အစိုးရကဆန္ဒပြခေါင်းဆောင်များကိုနှိမ်နင်းရန်နှင့် ၎င်းတို့အနက်နှစ်ဦးအား ထောင်သွင်းအကျဉ်းချရန်ကြိုးပမ်းနေကြောင်းလည်း ၎င်းတို့ကစွပ်စွဲထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here