ဩစတြေးလျတွင်ရေကြီးရေလျှံမှုကြောင့် ဒေသခံများအားဘေးလွတ်ရာရွှေ့ပြောင်းရန်ညွှန်ကြားထား

0
174

ဆစ်ဒ်နီ၊နိုဝင်ဘာ ၃

ဩစတြေးလျ၏လူဦးရေအများဆုံးပြည်နယ်တစ်ဝန်းရှိ ဒေသတွင်းမြို့ကြီးများ၌ နေထိုင်သူရာပေါင်းများစွာအား ရေကြီးရေလျှံနိုင်ခြေရှိသဖြင့် နေအိမ်များမှထွက်ခွာရန်ညွှန်ကြားထားကြောင်းသိရှိရသည်။

ဩစတြေးလျ၏လူဦးရေအများဆုံးပြည်နယ်တစ်ဝန်းတွင် အရေးပေါ်ဝန်ဆောင်မှုများဖြင့်ရေးဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ၂၄ နာရီအတွင်းလုပ်ဆောင်ပေးခဲ့ပြီး နောက်ထပ်အရေးပေါ်သတိပေးချက်ပေါင်း ၁၀၄ ခုကိုလည်းထုတ်ပြန်ထားကြောင်းသိရှိရသည်။

“နောက်နှစ်ရက်အတွင်းအဲ့ဒီဒေသတွေမှာ ၁၉၅၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ရေကြီးမှု ရေကြီးရေလျှံမှုတွေဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ခန့်မှန်းထားပါတယ်” ဟု ပြည်နယ်အရေးပေါ်ဝန်ဆောင်မှုအကြီးတန်းမန်နေဂျာ မစ္စတာအက်ရှ်လေဆူလဗန်က ပြောကြားခဲ့သည်။

ဩစတြေးလျအရှေ့တောင်ပိုင်းတစ်ဝန်းနေထိုင်သူများသည် ရေကြီးရေလျှံမှုဒဏ်ကိုခံနေကြရပြီး ယခုနှစ်တွင်လည်း စတုတ္ထအကြိမ်မြောက် ရေကြီးမှု၏ဒဏ်ကိုကြံ့ကြံ့ခံရင်ဆိုင်နေကြရသည်။အာဏာပိုင်များက လူထောင်ပေါင်းများစွာအား သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် အနည်းဆုံးဩစတြေးလျဒေါ်လာ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ) ကုန်ကျနိုင်ကြောင်းကြေငြာခဲ့သည်။

နယူးဆော့ဝေးလ်နှင့် ဗစ်တိုးရီးယားပြည်နယ်များတွင် မိုးပါးသွားနိုင်ကြောင်းခန့်မှန်းထားသော်လည်း မူလကရေကြီးထားသည့်အရှိန်ကြောင့် မြစ်ရေများဆက်လက်မြင့်တက်နိုင်နေသေးကြောင်း အရေးပေါ်ဌာနများမှသတိပေးချက်ထုတ်ပြန်ထားသေးသည်။

Source : ရိုက်တာ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here