ရန်ကုန်တိုင်းအတွင်းရှိ Aဘဏ်နှင့်ရတနာရွှေဆိုင်တို့အား ဓားပြတိုက်လုယက်ခြင်း၊ဗုံးဖောက်ခွဲခြင်းနှင့်အရပ်သားများအား သေနတ်ဖြင့်ပစ်သတ်ခဲ့ကြသူ ၂၁ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိဟု နစက ထုတ်ပြန်

0
478

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊ဘဝမြင့်မှတ် တိုင်အနီးရှိ A ဘဏ်နှင့်ရတနာရွှေဆိုင်တို့အား ဓား ပြတိုက်လုယက်ခြင်း၊ဗုံးဖောက်ခွဲခြင်းများနှင့်အ ရပ်သားပြည်သူများအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည့် ဒလ PDF အဖွဲ့ဝင် ၂၁ ဦးအားလက်နက်ခဲယမ်းများနှင့်အတူ အောက်တိုဘာ ၁၈ ရက်မှစ၍ အသီးသီးဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

နစက ၏လုံခြုံရေးအဖွဲ့ဝင်များမှ အောက်တိုဘာ ၁၈ ရက်နံနက်ပိုင်းက ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် အေးသီတာဝင်းအား ဒလမြို့နယ်၊ကမာကဆစ်ရပ်ကွက်ရှိ မဉ္ဇူလမ်း၌ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ နိုင်လင်း၊ ထက်လင်းဦး(ခ)ကိုထက်၊ ဟိန်းထက်(ခ)အငယ်ကောင်၊ ထူးထက်အောင်၊ အောင်ကျော်ထက်၊ တင်အောင်လွင်(ခ) သားကြီး၊ ဦးသန်း၊ ကျော်ဇင်ထူး(ခ)ရန်ပိုင်၊ ရွှေသဉ္ဇာဦး၊ ထက်အောင်လင်း၊ မင်းမင်းဦး(ခ)ကျော်ဦး(ခ)ဝေလွင်ဦး၊ ခိုင်ခိုင်ဝင်း(ခ)အရိုးမ၊ သက်ဝါဦး(ခ)တုတ်တုတ်၊ ကျော်မျိုးအောင်၊ ဇင်မိုးဦး၊ တင်ဇော်သိန်း(ခ)ဂန္ဒီ၊ အောင်ဇော်မျိုး၊ ဇော်ဝင်းအောင်(ခ)စိန်ကုလား၊ ဝင်းမင်းထွန်း(ခ)ရှမ်းပေါက်နှင့် စိုးမြတ်ဦး(ခ)တွတ်ပီတို့အား အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်၌ အမျိုးသား ၁၇ ဦး၊အမျိုးသမီး ၄ ဦး(စု စုပေါင်း ၂၁ ဦး)အား ပစ္စတိုမျိုးစုံ ၇ လက်၊ ကျည်အိမ် ၁၀ ခု၊ကျည်မျိုးစုံ ၉၈ တောင့်၊လက်ပစ်ဗုံး ၈ လုံး၊ ဖောက်ခွဲရေးသုံးဒီတိုနေတာ ၃၀ ခု၊ ယမ်းမှုန့် ၁ ထုပ်၊ဆားကစ်ပြား ၁ ခု၊ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် A ဘဏ်နှင့်ရတနာရွှေဆိုင်တို့အား ဓားပြတိုက်လုယက်ခဲ့သည့် ဖြစ်စဥ်များနှင့် ရန်ကုန်တိုင်းအတွင်း၌ ဗုံးဖောက်ခွဲမှုများ၊အရပ်သားများအား သေနတ်ဖြင့်ပစ်သတ်ခဲ့မှုများကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်ရှိသူများကိုလည်း ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here