နေရောင်ခြည်စွမ်းအင်သုံး(Solar)လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစနစ်ကို ထည့်သွင်းတပ်ဆင်ထားသည့် ဝေဘာဂီအထူးကုဆေးရုံကြီး ဆေးကုသဆောင်သစ်ဖွင့်လှစ်

0
228

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၌ Solar လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစနစ် ထည့်သွင်းတပ်ဆင်ထားသည့် ခုတင် ၂၀၀ ဆံ့ကူးစက်ရောဂါကု ဝေဘာဂီအထူးကုဆေးရုံကြီးရှိ ဆေးကုသဆောင်သစ်အား နိုဝင်ဘာ ၃ ရက်နံနက်ပိုင်းက နစက အတွင်းရေးမှူးဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတက်ရောက်ဖွင်ြလှစ်ပေးခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးရွှေလေး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အလှူ ရှင် AW Foundation ဥက္ကဋ္ဌ ဦးသောင်းကြိုင်နှင့်တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြသည်။

ဆေးကုသသဆောာင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစစ်ပြီးနောက် နစက အတွင်းရေးမှူးက ကြေးပြားကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အဆောက်အဦးသစ်အတွင်း မြေညီထပ်ရှိ သီးသန့်ကူးစက်လူနာခန်းများ(Isolation Room)၊ အောက်ဆီဂျင်စက်ရုံ(Oxygen Plant)၊ 800 KVA Transformer ၊ မီးစက်(Standby Genset)၊ရေသန့်စင်စက် (Water Treatment System)၊ ပထမထပ်ရှိ အထူးကြပ်မတ်ကုသခန်းများ၊ဒုတိယထပ်ရှိ အောက်ဆီဂျင်ပေး၍ ကြီးကြပ်ကုသနိုင်သည့် လူ နာခန်းများနှင့်ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်များကိုကြည့်ရှုခဲ့ကြသည်။

ဝေဘာဂီအထူးကုဆေးရုံကြီးအား Infectious Disease Institute အဖြစ် ကုသရေးအပြင် သု တေသနနှင့်သင်ကြားရေးလုပ်ငန်းများပါ ဆောင် ရွက်နိုင်မည့် Center အဖြစ်တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်၍ ကူးစက်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တိုးတက်ဆောင်ရွက်နိုင်မည့်အပြင် ရောဂါကူးစက်မှုအခြေအနေများကိုလေ့လာ၍ သုတေသနပြုဆောင်ရွက်ရန် များစွာအထောက်အကူရနိုင်မည်ဟု ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး ကပြောကြားခဲ့သည်။

ထို့ပြင် နေရောင်ခြည်စွမ်းအင်သုံး(Solar)လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းစနစ်အ ထည့်သွင်းတပ်ဆင်ထား၍ စွမ်းအင်ချွေတာသုံးစွဲရေးနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်နိုင်မည့် ရှေ့‌ပြေးဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံများတွင်လည်း အသုံးပြုနိုင်ရန် စီမံချက်များရေးဆွဲ၍ စတင်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှလည်း ဝေဘာဂီအထူးကုဆေးရုံကြီးသည် ခုတင် ၂၀၀ ဆံ့ ကူးစက်ရော ဂါကုဆေးရုံဖြစ်၍ HIV လူနာ၊တီဘီရောဂါလူနာများနှင့်ကူးစက်မြန်ရောဂါများဖြစ်သည့် SARS ရောဂါ၊ H1N1 ရောဂါ၊ Ebola သံသယလူနာများနှင့်ကိုဗစ်(၁၉)ရောဂါလူနာများကို ကုသမှုပေးခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် AW Foundation ဥက္ကဋ္ဌ ဦးသောင်းကြိုင်က အဆောက်အဦးသစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊မှတ်တမ်းများအား ကုသရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြတ်ဝဏ္ဏစိုးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဝေဘာဂီအထူးကုဆေးရုံကြီး၏ ကုသဆောင်သစ်အား AW Foundation မှတစ်ဦးတည်းအလှူရှင်အဖြစ် ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလတွင် စတင်တည် ဆောက်၍ ၂၀၂၂ ခုနှစ်၊စက်တင်ဘာလကုန်တွင် ပြီးစီးခဲ့ကာ ငွေကျပ်သိန်းပေါင်း ၆၂၁၇၇၁၉၀၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။

Photo-Sein Nyunt


LEAVE A REPLY

Please enter your comment!
Please enter your name here