ချက်သမ္မတနှင့်သံတမန်များတွေ့ဆုံပွဲနှင့်ချက်နိုင်ငံ၏ ၁၀၄ နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံ ပွဲများသို့ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင်တက်ရောက်

0
168

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာ ဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင်နှင့်ဇနီးတို့သည် အောက်တိုဘာ ၂၇ ရက်က ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့၊ပရာ့ဂ်ရဲတိုက်၌ပြုလုပ်သည့် ချက်သမ္မတနှင့်သံတမန်များ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ထိုသို့ တက်ရောက်ပြီးနောက် မြန်မာသံရုံးယာယီတာဝန်ခံနှင့်ဇနီးတို့က ချက်သမ္မတ H.E. Mr. Milos Zeman နှင့်ဇနီးတို့အား ဂါရဝပြုတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင် မြန်မာသံရုံးယာယီတာဝန်ခံဒေါက်တာဘုန်းလင်းကြိုင်သည် အောက်တိုဘာ ၂၈ ရက်ကပြုလုပ်ခဲ့သည့် ချက်သမ္မတနိုင်ငံ၏ ၁၀၄ နှစ် မြောက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here