(၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးတက်ရောက်ရန် ကာကွယ်ရေး ဦးစီးချုပ်(လေ)ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံသို့ထွက်ခွာ

0
356

ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်အဖွဲ့သည် နိုဝင်ဘာ ၂ ရက်က ရန်ကုန်လေဆိပ်မှတဆင့် လာအိုနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြသည်။

လာအိုနိုင်ငံ၌ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ရန်အတွက် လေကြောင်းခရီးဖြင့်ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်တပ်မတော်အရာရှိကြီးများက ရန်ကုန်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here