UNESCO Myanmar က မြန်မာပညာရေး အွန်လိုင်းဟောပြောပွဲအား နိုဝင်ဘာ ၁၁ ရက်၌ကျင်းပသွားမည်

0
189

UNESCO Myanmar မှ မြန်မာပညာရေး အွန်လိုင်းဟောပြောပွဲအား နိုဝင်ဘာ ၁၁ ရက်နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ “ရှေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သောပညာရေးကို ကျောင်းနှင့်လူမှုအ သိုင်းအဝိုင်းတွင် ထည့်သွင်းလုပ်ဆောင်ခြင်း” ခေါင်းစဥ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးနယ်ပယ်မှ ဆရာ၊ဆရာမများအားလုံး နှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသည့် ပညာရေးကျွမ်းကျင်သူများအား ဟောပြောပွဲသို့တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

ဟောပြောပွဲတွင် ပြည်တွင်း၊ပြည်ပမှ ကျွမ်းကျင်ပညာရှင်များက မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့် တိုက်ရိုက်ဘာသာပြန်ဆိုဟောပြောသွားမည်ဖြစ်ကာ တက်ရောက်ကြသူများအနေဖြင့်လည်း မေး ခွန်းများမေးမြန်းနိုင်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သည့် ပညာရေးသဘောတရားကို နား လည် သဘောပေါက်စေရန်၊စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည့် ယနေ့ခေတ်ကမ္ဘာကြီးတွင် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် ပညာရေးကိုဖော်ဆောင်ရန် အရေးကြီးပုံအား နားလည်သဘောပေါက်စေရန် အကြောင်းအရာများအား ဟောပြောသွားမည်ဖြစ်သည်။

ထို့ပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သည့် ပညာရေးသဘောတရားကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းနိုင်မည့်နည်းလမ်းများနှင့်ဥပမာများကို ရှာဖွေဖော်ထုတ်ရန်၊ရေရှည်ဖွံ့ဖြိုးတိုး တက်မှုရှိပြီး သန့်ရှင်း၍စိမ်းလန်းစိုပြေသည့် ကျောင်းများတည်ထောင်ခြင်းဆိုင်ရာ အညွှန်းဘောင်နှင့်စံသတ်မှတ်ချက်များကို နားလည်ရန် တို့ကိုလည်း ဟောပြောသွားမည်ဖြစ်သည်။

ရှေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သည့် ပညာရေးကို အကောင်အထည်ဖော်ရာတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေသည့် ကျောင်းစီမံကိန်းများမှ အလေ့အထကောင်းများနှင့်အတူ တစ်ကျောင်းလုံးအတိုင်းအတာဖြင့်ချဉ်းကပ်နည်းကို မြှင့်တင် ဆောင်ရွက်ရန်၊ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သည့် ပညာရေးကို အကောင်အထည်ဖော်ရာတွင် ရပ်ရွာလူထုပါဝင်မှုကို အလေးထားဆောင်ရွက်စေရန်နှင့်လူငယ်များဦးဆောင်သည့် ရေရှည်ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ရပ်ရွာအခြေပြု လုပ်ငန်းများကို စူးစမ်းလေ့လာရန် အကြောင်းအ ရာများကိုလည်း ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တက်ရောက်လိုသူများအနေဖြင့် https://bit.ly/3N8zLoi လင့်သို့ဝင်ရောက်၍ စာ ရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here