သန်းနှင့်ချီသော ယူကရိန်းနိုင်ငံသားများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်ရင်ဆိုင်နေရဟု Zelensky ပြောကြား

0
95

ရုရှား၏ နောက်ဆုံးတိုက်ခိုက်မှုအပြီးတွင်  ယူကရိန်းနိုင်ငံသား ၄.၅ သန်းခန့်သည် ကြာသပတေးနေ့ညနေပိုင်းမှအစပြု၍ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း သမ္မတ Volodymr Zelensky က ပြောကြားခဲ့သည်။

နိုင်ငံ၏ ပျက်စီးနေသော လျှပ်စစ်ဓာတ်အားလိုင်းကို တည်ငြိမ်စေရန် ရည်ရွယ်၍ အရေးပေါ်အချိန်ဇယားဖြင့် နိုင်ငံတစ်ဝှမ်းရှိ အိမ်ထောင်စုများအား စွမ်းအင်ထောက်ပံ့မှုမှ ယာယီဖြတ်တောက်ထားကြောင်းသိရသည်။ 

မြို့တော် Kyiv နှင့် အခြားဒေသ ကိုးခုရှိ ဖြစ်ကြသော Dnipropetrovsk, Zhytomyr, Zaporizhzhia, Sumy, Kirovohrad, Kharkiv, Chernihiv, Khmelnytskyi, Cherkasy နေပြည်သူများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ သို့သော် အခြားနေရာများတွင်လည်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်နိုင်သေးကြောင်း သမ္မတ Volodymr Zelensky က ပြောကြားသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here