လယ်ယာရိတ်သိမ်းချိန်မီးရိူ့မှု၊ ဒေဝါလီပွဲတော် မီးပန်းများနှင့် ဆောင်းရာသီလေထုညစ်ညမ်းမှုကြောင့်ဒေလီရှိ လေထုညစ်ညမ်းမှုအဆင့်မှာ နှစ်စဥ်အလွန်ဆိုးရွားလျှက်ရှိသည်။
အိန္ဒိယနိုင်ငံ၏ မြို့တော်တွင် လေထုညစ်ညမ်းမှု အကျပ်အတည်းကိုဖြေရှင်းရန် ဒေလီအစိုးရက ကြိုတင်ကာကွယ်မှုအဆင့်များ အများအပြားကို ကြေညာခဲ့သည်။
ဒေလီရှိ မူလတန်းကျောင်းများကို စနေနေ့၊ နိုဝင်ဘာ ၅ ရက်မှ စတင်ပိတ်မည်ဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအတွက် ပြင်ပလှုပ်ရှားမှုများကို ကန့်သတ်ထားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အစိုးရ၀န်ထမ်းများ၏ ၅၀ ရာခိုင်နှုန်းသည် အိမ်မှအလုပ်လုပ်ကြမည်ဖြစ်ကြောင်း ဒေလီပတ်ဝန်းကျင်ရေးရာဝန်ကြီး Gopal Rai က ပြောကြားခဲ့သည်။ ကုန်တင်ယာဉ်များ ဝင်ခွင့်ကိုလည်း နောက်ထပ်အမိန့်စာ မထုတ်မချင်းတားမြစ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဒေလီ တစ်ဝှမ်းရှိ လေထုအရည်အသွေး စောင့်ကြည့်စစ်ဆေးမှုများသည် ယခုသီတင်းပတ်အတွင်း ‘ပြင်းထန်’ သောအဆင့်ဖြစ်ခါ Jahangirpuri ဒေသသည် AQI (Air Quality Index)၇၀၀ ကျော်ဖြင့် မြို့တော်တွင် အညစ်ညမ်းဆုံးနေရာဖြစ်နေသည်။
ဆောင်းရာသီအတွင်းလေထု ညစ်ညမ်းမူနှင့်ပတ်သက်၍ အရေးပေါ်လုပ်ဆောင်မှုများကို လုပ်ဆောင်ရင်းတစ်နှစ်ပတ်လုံး စနစ်များကိုပြင်ဆင်ပါက နောင်နှစ်တွင် လေထုအရည်အသွေးကို ပိုမိုကောင်းမွန်စေမည်ဟုဒေလီရှိ လေထုအရည်အသွေးဆိုင်ရာ သုတေသီတစ်ဦးကပြောကြားခဲ့သည်။
Ref:wionews.com