ယူကရိန်းနိုင်ငံပိုင် မောင်းသူမဲ့ လေယာဉ်(UAV) တစ်စင်းကို ဘီလာရုနယ်ခြားစောင့်တပ်များက ကြားဖြတ်ထိန်းချုပ် ဟန့်တားခဲ့

0
140

ဖောက်ခွဲရေးပစ္စည်းများကြဲချခြင်းလေ့ကျင့်ရာတွင် အသုံးပြုသည့် ယူကရိန်းနိုင်ငံပိုင် လေ့ကျင့်ရေးမောင်းသူမဲ့ လေယာဉ်(UAV) တစ်စင်းကို ဘီလာရုနယ်ခြားစောင့်တပ်များက ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရီပတ်ဘလစ်ကန် နယ်ခြားစောင့် ကော်မတီက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ဘီလာရု-ယူကရိန်းနယ်စပ်နဲ့ တစ်ကီလိုမီတာအကွာ Gomel ခရိုင်မှာ နိုဝင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့တာပါ”ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘီလာရုစ်သမ္မတနိုင်ငံ နယ်စပ်မှာ ယူကရိန်းစစ်တပ်က ပန်ကာလေးခုတပ် ဒရုန်းယာဉ်ကို အသုံးပြုခဲ့တာလို့ အတည်ပြုထားပါတယ်။ ရှာဖွေတွေ့ရှိထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဒေတာတွေအရ အဲဒီဒရုန်းမှာ အနီအောက်ရောင်ခြည် အမြင်အာရုံစနစ် တပ်ဆင်ထားပြီး ဖောက်ခွဲရေးပစ္စည်းတွေကို နေရာရွှေ့ပြောင်းခြင်း၊ ကြဲချခြင်းတို့ကို လေ့ကျင့်ရာမှာ အသုံးပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင်ဆိုထားသည်။

ယင်းဒရုန်းသည် ဘီလာရုစ်သမ္မတနိုင်ငံပိုင်နက်အတွင်း နယ်ခြားစောင့်တပ်၏ နည်းပညာဆိုင်ရာ အဆောက်အအုံများကို ကင်းထောက်ခြင်းနှင့် ဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း နယ်ခြားစောင့်တပ်ကော်မတီက ပြောကြားခဲ့သည်။

ယူကရိန်းပိုင်နက်မှ ဘီလာရုစ်သို့ ဦးတည်ပျံသန်းနေသည့် အဆိုပါဒရုန်းယာဉ်အား ဘီလာရုစ်နယ်ခြားစောင့်တပ်ဖွဲ့က တွေ့ရှိခဲ့ပြီး ကြားဖြတ်ဝင်ရောက်ထိန်းသိမ်းကာ မြေပြင်သို့ ဆင်းသက်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source: Belarusian border guards intercept Ukrainian combat trainer drone


LEAVE A REPLY

Please enter your comment!
Please enter your name here