သာကေတမြို့နယ်ရှိ ရန်အောင်ကန်အတွင်း ပြုတ်ကျသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

0
324

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၃/ရန်ပြေရပ် ကွက်၊မင်းနန္ဒာလမ်းမကြီး၏ ရန်ပြေမှတ်တိုင်အ နီးရှိ ရန်အောင်ကန်အတွင်း နိုဝင်ဘာ ၅ ရက်(ယနေ့)နံနက်ပိုင်းက ပြုတ်ကျသေဆုံးနေသည့် အ မျိုးသားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၇ နာရီခန့်က သာကေတမြို့နယ်ရှိ ရန်အောင်ကန်အတွင်း ပြုတ်ကျသေဆုံးနေသည့် အ မျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအ ဖွဲ့မှ သွားရောက်ဆယ်ယူခဲ့ကြသည်။

“ဘယ်နေ့ကပြတ်ကျတယ်ဆိုတာတော့မသိဘူးဗျ မနက်ပိုင်းလမ်းလျှောက်နေတဲ့လူတွေကတွေ့လို့ဘအသင်းကိုအကြောင်းကြားတာ အသက်က(၄၀) ဝန်းကျင်လောက်ရှိပြီ မိသားစုနဲ့တော့အဆက်အ သွယ်မရသေးပါဘူး”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအားဆယ်ယူ၍ အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ပ်ု့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here